ရန်ကုန်၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် တရုတ်-မြန်မာနယ်စပ်ဒေသ၏ ဒေသတွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအပေါ် အလေးအနက်ဂရုပြုပါကြောင်း၊ မြန်မာနိုင်ငံ၏ဒေသအချို့တွင် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားရခြင်းနှင့် စပ်လျဉ်း၍လည်း အလေးအနက်ဂရုပြုပါကြောင်း၊ သက်ဆိုင်ရာ ဘက်အသီးသီးမှတွေ့ဆုံဆွေးနွေးမှုပြုလုပ်ပြီး မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှုရရှိစေရန်အတွက် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်စေရန် တရုတ်နိုင်ငံဘက်မှတိုက်တွန်းကြောင်း နိုဝင်ဘာလ (၂၀) ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ...
လီမာ ၊ နိုဝင်ဘာ ၂၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့သည် လီမာမြို့၌ ကျင်းပသော အာရှ-ပစိဖိတ် စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု ( APEC) နိုင်ငံခေါင်းဆောင်များအစည်းအဝေးအပြီးတွင် ခဏကြာ သီးသန့်တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း တရုတ်နိုင်ငံကိုယ်စားလှယ်အဖွဲ့ပြောရေးဆိုခွင့်ရှိသူက နိုဝင်ဘာလ ၂ဝ ရက်တွင်ပြောကြားခဲ့သည်။
ဘရူနို အေးရိစ်၊ နိုဝင်ဘာ ၂၁ရက် (ဆင်ဟွာ) အာဂျင်တီးနားနိုင်ငံတွင် မွေးရာပါဉာဏ်ရည်နိမ့်ရောဂါ (Down syndrome) အကြောင်း ပြည်သူလူထု ပိုမို သိရှိစေရန် နှင့် အာဂျင်တီးနားမွေးရာပါဉာဏ်ရည်နိမ့်ရောဂါ အဖွဲ့အစည်းသို့ ငွေကြေးလှူဒါန်းရန်အတွက် အာဂျင်တီးနားနိုင်ငံသားအချို့သည် နိုဝင်ဘာ ၂၀ရက်က မီတာ ၅၀၀အရှည်ရှိသည့် ပီဇာကြီးအား ပြုလုပ်ခဲ့ကြောင်း သိရသည်။
မက္ကဆီကိုစီးတီး ၊ နိုဝင်ဘာ ၂၁ ရက်(ဆင်ဟွာ) အာဂျင်တီးနားနိုင်ငံ အနောက်-အလယ်ပိုင်း၌ နိုဝင်ဘာလ ၂ဝ ရက် ဒေသစံတော်ချိန် ညနေ ၅ နာရီ ၅၇ မိနစ်တွင် ပြင်းအား ၆.၄ အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း အမေရိကန်ဘူမိဗေဒတိုင်းတာရေး( USGS) က သတင်းထုတ်ပြန်ခဲ့သည်။
အန်ကာရာ ၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ) တူရကီနိုင်ငံမှ ဂျက်တိုက်လေယာဉ်များသည် Euphrates ဒိုင်းစစ်ဆင်ရေးအောက်တွင် ဆီးရီးယားနိုင်ငံမြောက်ပိုင်း Al-Bab မြို့အနီးရှိ အိုင်အက်စ်အကြမ်းဖက်သမားများရှိရာ ပစ်မှတ် ၁၇ ခုကို နိုဝင်ဘာလ ၂ဝ ရက် ညပိုင်းက တိုက်ခိုက်ချေမှုန်းခဲ့ကြောင်း Anadolu အေဂျင်စီက သတင်းဖော်ပြခဲ့သည်။