မိုင်မာနာ၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း ဖာရပ်ပြည်နယ် ရှီရင်းတာဂတ်ခရိုင် ရှိ တာလီဘန်တို့၏စခန်းများကို လုံခြုံရေးတပ်ဖွဲ့က လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် စစ်သွေးကြွ ၆ဦး အနည်းဆုံးသေဆုံးခဲ့ကြောင်း စစ်တပ်ပြောရေးဆိုခွင့်ရှိသူ Nasratullah Jamshidi ကပြောကြားခဲ့သည်။
မော်စကို၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ သမ္မတ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခွင့် တရားဝင် ခွင့်ပြုလိုက်ပြီဟူသော ဆုံးဖြတ်ချက်အား ကိုးကား၍ အစိုးရ သတင်းစာ Rossiyskaya Gazeta က ဒီဇင်ဘာလ ၁၈ ရက်တွင် ထုတ်ဝေခဲ့သည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၁၉ ရက်(ဆင်ဟွာ) ရွှေ့ပြောင်းအလုပ်သမားများ၏ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရန် အဓိက လိုအပ်လျက်ရှိကြောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေက ၂၀၁၇ ခုနှစ် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများနေ့ အခမ်းအနားတွင် ပြောကြားခဲ့သည်။
ဟာရာရီ၊ဒီဇင်ဘာ ၁၉ ရက်(ဆင်ဟွာ) ဇင်ဘာဘွေနိုင်ငံသမ္မတအမ္မာဆန်အန်နန်ဂါဝါ(Emmerson Mnangagwa)သည် စစ်ဦးစီးချုပ်သစ်အဖြစ် ဒုတိယဗိုလ်ချုပ်ကြီး Philip Valerio Sibanda ကို ပြီးခဲ့သောလက သမ္မတဟောင်း မူဂါဘီအား ရာထူးမှ ဖြုတ်ချစဉ် နောက်ကွယ်မှ ကြိုးကိုင်ပါဝင်ခဲ့သူ စစ်ဦးစီးချုပ်(ဟောင်း) Constantino Chiwenga နေရာတွင် အစားထိုးခန့်အပ်တာဝန်ပေးလိုက်ကြောင်း သိရသည်။