Connect with us

Local

ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်မည့် အလုပ်သမားများ နှစ်နိုင်ငံ တရားဝင် လက်မှတ် ရေးထိုး ထားသည့် MoU စနစ်ဖြင့်သာ တရားဝင် သွားရောက် လုပ်ကိုင်ရန် သတိပေး

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပြည်ပနိုင်ငံများသို့ သွားရောက်ကြသူများအား တွေ့ ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ အောက်တိုဘာ ၅ ရက်(ဆင်ဟွာ)

ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်မည့် အလုပ်သမားများ အနေဖြင့် နှစ်နိုင်ငံ တရားဝင် လက်မှတ် ရေးထိုး ထားသည့် MoU စနစ်ဖြင့်သာ တရားဝင် သွားရောက် လုပ်ကိုင်ရန် လိုအပ်ကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာနမှ သတိပေး ကြေညာခဲ့သည်။

ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်လိုသည့် မြန်မာအလုပ်သမားအချို့သည် ပွဲစားများဖြင့် ချိတ်ဆက်၍ နိုင်ငံကူး လက်မှတ် ပြုလုပ်ပြီး တရားမဝင် လမ်းကြောင်းများမှ တစ်ဆင့် သွားရောက်မှုများကြောင့် စာရွက်စာတမ်း အတု ကိုင်ဆောင်မှုဖြင့် ဖမ်းဆီး ခံရသည့်ဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားလျက်ရှိကြောင်း ၊ မြန်မာ အလုပ်သမားများ အနေဖြင့် ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်ရာတွင် နိုင်ငံကူးလက်မှတ်ရှိရုံဖြင့်မရဘဲ ဗီဇာရရှိမှသာ ထိုင်းနိုင်ငံတွင် နေထိုင်နိုင်မည်ဖြစ်၍ အလုပ်လုပ်ကိုင်ခွင့်လက်မှတ်ရှိမှသာ အလုပ်လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း သတိပြု ရန် လိုအပ်ကြောင်း ကြေညာခဲ့သည်။

နိုင်ငံကူးလက်မှတ်၊ ဗီဇာနှင့် အလုပ် လုပ်ကိုင်ခွင့် လက်မှတ် ရှိသော်လည်း အချို့ အလုပ်သမား များသည် လုပ်ငန်းခွင် ပြောင်းရွှေ့လုပ်ကိုင်မှုများကြောင့် အလုပ်လုပ် ကိုင်ခွင့် လက်မှတ်ပါ အလုပ်ရှင်နှင့် လက်ရှိ လုပ်ကိုင် နေသည့် အလုပ်ရှင် ကွဲလွဲမှုများ ကြောင့် ဖမ်းဆီးခံရသည့်ဖြစ်စဉ်များလည်း ဖြစ်ပေါ်လျက်ရှိကြောင်း ၊ စာရွက် စာတမ်း အတု ကိုင်ဆောင်မှုသည် ထိုင်းနိုင်ငံ၏ တည်ဆဲဥပဒေ ၂၆၉/၁၃ အရ ထောင်ဒဏ် ၁ နှစ်မှ ၁ဝ နှစ်ထိနှင့် ငွေဒဏ်အနည်းဆုံးဘတ်တစ်သောင်းမှ ဘတ်နှစ်သိန်းထိ ပြစ်ဒဏ်ချမှတ်နိုင်ကြောင်း သိရသည်။

အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအနေဖြင့် ထိုင်းနိုင်ငံသို့ မြန်မာအလုပ်သမား များအား စေလွှတ်ရာတွင် MoU စနစ်ဖြင့်သာ ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရ အေဂျင်စီများမှတစ်ဆင့် စေလွှတ် လျက် ရှိကြောင်း သိရသည်။

ထိုသို့စေလွှတ်ရာတွင် မြန်မာအလုပ်သမားများအား အလုပ်ခန့်ထားလိုသည့် ထိုင်းအလုပ်ရှင်သည် ယင်း လုပ်ငန်းခွင်၌ အလုပ်သမားလိုအပ်ကြောင်း အလုပ် ကမ်းလှမ်းလွှာကို သက်ဆိုင်ရာနယ်မြေ အလုပ်သမား ရုံးမှ တစ်ဆင့် ထိုင်းနိုင်ငံအလုပ် အကိုင်ဌာနသို့ တင်ပြခြင်း၊ ထိုင်းနိုင်ငံအလုပ်အကိုင်ဌာနမှ ခွင့်ပြုချက်ရရှိပါက ထိုင်း အေဂျင်စီများမှ မြန်မာအေဂျင်စီများဖြင့် ချိတ်ဆက်၍ အလုပ်ကမ်းလှမ်းလွှာအား အလုပ်သမား သံအရာရှိ မှတစ်ဆင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနသို့ တင်ပြခြင်း၊ အလုပ် ကမ်းလှမ်းလွှာအား ပညာရေး၊ ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီသို့ တင်ပြ၍ ခွင့်ပြုချက်ရရှိပါက ထိုင်းနိုင်ငံအလုပ်ရှင် သို့မဟုတ် အလုပ်ရှင်၏ကိုယ်စားလှယ်မှ မြန်မာနိုင်ငံသို့ လာရောက်ပြီး အလုပ်ရှင်၊ အလုပ်သမား သဘောတူ စာချုပ် ချုပ်ဆို ခြင်း၊ အလုပ်သမားများအတွက် ထိုင်းနိုင်ငံမှ ပြည်ဝင်ခွင့်ဗီဇာရရှိပါက ပြည်ပအလုပ် အကိုင် အလုပ်သမား သက်သေခံ ကတ်ပြား ပြုလုပ်ပေး၍ အလုပ်ရှင် ကိုယ်စားလှယ် နှင့်အတူ မြဝတီမြို့ရှိ ရွှေ့ပြောင်းအလုပ်သမားရုံးမှတစ်ဆင့် လုပ်ငန်းခွင်သို့ စေလွှတ် ခြင်းတို့ကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.