ဝါရှင်တန်၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဘားရတ်အိုဘားမား သည် စီးပွားရေး နှင့် လုံခြုံရေးကိစ္စရပ်များ ဆွေးနွေးရန် နိုဝင်ဘာ ၁၄ မှ ၂၁ရက်အတွင်း ဂရိနိုင်ငံ၊ ဂျာမနီနိုင်ငံ နှင့် ပီရူးနိုင်ငံများသို့ သွားရောက်မည်ဖြစ်ကြောင်း အိမ်ဖြူတော်က အောက်တိုဘာ ၂၆ရက်တွင် ထုတ်ပြန်ခဲ့သည်။
ရီယိုဒီဂျနေရို ၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ) ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သော ဘရာဇီးလက်ရွေးစင်အသင်း၏ အသင်းခေါင်းဆောင်(ဟောင်း) အသက် ၇၂ နှစ်အရွယ်ရှိ ကားလိုစ့်အယ်ဘာတိုသည် အောက်တိုဘာလ ၂၅ ရက်က ကွယ်လွန် အနိစ္စရောက်သွားပြီဖြစ်ကြောင်း သိရသည်။
ပေကျင်း၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင်ကျင်းပခဲ့သည့် ကမ္ဘာ့စက်ရုပ်များပြပွဲတွင် လာရောက်ကြည့်ရှုလေ့လာသူများက လူတူစက်ရုပ်မလေး ကျားကျားနှင့် စကားစမြည်ပြောခြင်းကို အလွန်စိတ်ဝင်စားခဲ့ကြသည်။ သာမန်လူတစ်ဦးကဲ့သို့ ဖန်တီးထားသည့်အဆိုပါ စက်ရုပ်မှာ တရုတ်နိုင်ငံ၏ ပထမဆုံးသော အမျိုးသမီးပုံစံတူစက်ရုပ်တစ်ရုပ်လည်းဖြစ်ကြောင်းသိရသည်။(Xinhua)
နေပြည်တော် ၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၌ အခြေခံ အဆောက်အအုံကဏ္ဍတွင် ရင်းနှီးမြုပ်နှံမှုများ ပိုမို မြှင့်တင်နိုင်ရန် မျှော်လင့်ကြောင်း အာရှအခြေခံအဆောက်အအုံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုဘဏ်(AIIB) ဥက္ကဋ္ဌ မစ္စတာ ကျင်းလိချွင်(Jin Liqun)က ယနေ့အောက်တိုဘာ ၂၅ ရက်တွင် နေပြည်တော်၌ သတင်းမီဒီယာများနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။...
ရန်ကုန်၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ) အခြေခံပညာ ကဏ္ဍအတွက် ထူးချွန်ဆရာဆု ဗဟိုအဆင့် ရွေးချယ်မှုကို ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလ တတိယပတ်တွင် ဆောင်ရွက်မည် ဖြစ်ပြီး ထူးချွန်ဆုရှင် ဆရာကိုးဦးကို ရွေးချယ်သွားမည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။