ဟောင်ကောင်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ Cipatujah မြို့ အရှေ့တောင်၏ အရှေ့ဘက် တွင် အင်အား ၆.၅ ပမာဏရှိသည့် ငလျင်ပြင်းတစ်ခု လှုပ်ခဲ့ကြောင်း အမေရိကန် ဘူမိဗေဒတိုင်းတာရေး (USGS) ကပြောကြားခဲ့သည်။
နယူးဒေလီ၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ၏ အဓိကအတိုက်အခံပါတီတစ်ခုဖြစ်သည့် ကွန်ဂရက်ပါတီခေါင်းဆောင် ဆိုနီယာဂန္ဒီ က ၎င်း၏ သားဖြစ်သူ ရာဟူဂန္ဒီထံ ဒီဇင်ဘာ ၁၆ ရက်တွင် တာဝန်များလွှဲပြောင်းပေးပြီးနောက် ရာထူးမှ အနားယူတော့မည် ဖြစ်ကြောင်း ဒီဇင်ဘာ ၁၅ရက်တွင် ပြောကြားခဲ့သည်။
မော်စကို ၊ ဒီဇင်ဘာ ၁၆ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ မော်စကိုမြို့ရှိ တရားရုံးတစ်ခုက ဒီဇင်ဘာလ ၁၅ ရက်တွင် ရုရှားနိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနဝန်ကြီး(ဟောင်း) Alexei Ulyukayev အား အကျင့်ပျက်ခြစားမှု ပြစ်မှုထင်ရှားသဖြင့် ထောင်ဒဏ် ၈ နှစ် နှင့် ငွေဒဏ် ရုရှား ရူဘယ် သန်း ၁၃ဝ...
ကုလသမဂ္ဂ ၊ ဒီဇင်ဘာ ၁၆ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး တီလာဆန်က ဒီဇင်ဘာ ၁၅ ရက်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ မိန့်ခွန်းပြောကြားရာတွင် ကိုရီးယားကျွန်းဆွယ်အကျပ်အတည်းကို ဖြေရှင်းရန် နောက်ဆုံးပိတ်ရည်မှန်းချက်ပန်းတိုင်မှာ “ မြောက်ကိုရီးယားနိုင်ငံအနေဖြင့် ၎င်းတို့၏ နျူကလီးယားလက်နက်များ အစီအစဉ်ကို အလုံးစုံ ကတိကဝတ်ပြု၍ အပြောင်းအလဲမရှိ စွန့်လွှတ်ရန်သာဖြစ်ကြောင်း ” ထည့်သွင်းပြောကြားခဲ့သည်။
ဟာဘင်၊ ဒီဇင်ဘာ ၁၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေလုံးကျန်း ပြည်နယ်ရှိ ဟာဘင် မြို့တွင် ကမ္ဘာ့အကြီးဆုံးပွဲတော်များထဲတွင် တစ်ခုအပါအဝင်ဖြစ်သည့် ဟာဘင် ရေခဲနှင့်နှင်းပန်းပု ပွဲတော်ကို နှစ်စဉ်ကျင်းပမြဲအတိုင်း ယခုနှစ်တွင်လည်း ကျင်းပရန်ပြင်ဆင်လျက်ရှိကြောင်းသိရသည်။ ၄၂.၅ မီတာအရှည်ရှိသည့် ရေခဲမျှော်စင်ကြီးအပါအဝင် မျှော်စင် ၆ ခုအား ပြင်ဆင်မှုပြီးစီးလုနီးပါးရှိပြီဖြစ်သည်။ မျှော်စင်များကို...