နန်ချန်း၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ) ရွှေဖြင့်ပြုလုပ်ထားသည့် ပစ္စည်းပေါင်း ၃၅ဝ နှင့် ကျေးဒင်္ဂါး တစ်သောင်းကျော် နှင့် ကျောက်စိမ်းပေါင်း များစွာတို့ကို တရုတ်နိုင်ငံ ကျန်းရှီပြည်နယ်မြို့တော် နန်ချန်းရှိ နှစ်ပေါင်း ၂ဝဝဝ သက်တမ်းကြာမြင့်ပြီဖြစ်သော ဟိုင်းဟွန်ဟို အုတ်ဂူအတွင်းတွင်ရှာဖွေတွေ့ရှိခဲ့သည်။ အချို့ရှေးဟောင်းပစ္စည်းများမှာ ဂူသင်္ချိုင်းအတွင်းနံရံများမှ တွေ့ရှိရခြင်းဖြစ်ပြီး ပြည်သူများကို...
ခတ္တမန္ဒူ၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ) နီပေါနိုင်ငံ အစိုးရသည် နီပေါလုံခြုံရေးအစောင့်များ တာလီဘန်တို့၏ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ပြီးနောက် အာဖဂန်နစ္စတန်နိုင်ငံသို့ နီပေါအလုပ်သမားစေလွှတ်မှုအား လေးလကြာ ပိတ်ပင်ထားရာမှ ယခုအခါ ပြန်လည်ခွင့်ပြုခဲ့ကြောင်း အကြီးတန်းအစိုးရအရာရှိတစ်ဦးကပြောကြားခဲ့သည်။
ဖနွမ်းပင် ၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒတ်ဟွန်ဆန်သည် ယနေ့အောက်တိုဘာလ ၁၇ရက် တွင် ကမ္ဘောဒီးယားနိုင်ငံရှိ ထိုင်းသံရုံးသို့သွားရောက်၍ နတ်ရွာစံထိုင်းဘုရင်ဘူမီဘော၏ ပုံတူဓာတ်ပုံကို ဂါရဝပြုခဲ့ကြောင်း သိရသည်။
ချုံကျင်း၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံကျင်းပြည်နယ်တွင် Yang Zonggui ဆိုသူသည် တောင်စောင်းပေါ်မှ ကြိုးဖြင့်ချိတ်ကာ အမှိုက်များကို ရှင်းလင်းခဲ့ကြောင်းသိရသည်။ အသက် ၃ဝ အရွယ်ရှိပြီဖြစ်သည့် Yang Zongguiသည် ပင့်ကူလူသားကဲ့သို့ မိမိကိုယ်ကိုယ် ကြိုးဖြင့်ဆွဲကာ အမှိုက်များကို ရှင်းလင်းခဲ့သောကြောင့် အများက...
ရန်ကုန်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ) ရန်ကုန်-မန္တလေး အမြန်လမ်းအား နိုင်ငံတကာ အဆင့်မီ လမ်းမကြီးအဖြစ် အဆင့် မြှင့်တင်မှုကို ယခုငါးနှစ်တာ ကာလအတွင်း အပြီးသတ် လုပ်ဆောင်နိုင်ရန် မျှော်မှန်းထားကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။