Connect with us

Environment, Disasters & Accidents

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့၏ အရှေ့မြောက်ဘက် (၆) မိုင်ခန့် အကွာ တွင် အင်အား(၄.၂)အဆင့်ရှိ ငလျင်တစ်ခုလှုပ်ရှား

ငလျင်လှုပ်ရှားမှုပြဇယားအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ)

ရန်ကုန်၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့၏ အရှေ့မြောက်ဘက် (၆) မိုင်ခန့် အကွာ မြောက်လတ္တီတွဒ် (၂၂.၆၂)၊ အရှေ့လောင်ဂျီတွဒ် (၉၆.၀၄)၊ အနက် (၁၀)ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အား ရစ်တာစကေး (၄.၂)အဆင့်ရှိအင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုလှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုှုဦးစီးဌာန မှ တာဝန်ရှိသူတစ်ဦးက “ငလျင်ကလှုပ်တဲ့ အချိန်ကလည်း လူအိပ်ချိန်လည်းဖြစ်တယ်။ အင်အားလည်းနည်းတယ် ဆိုတော့ ပျက်ဆီးဆုံးရှုံးမှုမရှိနိုင်ပါဘူး” ဟုဆင်ဟွာကို ပြောသည်။

အဆိုပါငလျင်သည်၂၀၁၈ ခုနှစ် ၊ အောက်တိုဘာလ (၁)ရက်နေ့ မြန်မာစံတော်ချိန် (၀၁)နာရီ (၀၁)မိနစ် (၃၀)စက္ကန့် အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ မြောက်ဘက် (၄၂)မိုင်ခန့် ကွာဝေးသောနေရာတွင်လှုပ်ရှား ခဲ့ခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.