ရန်ကုန် ၊ အောက်တိုဘာ ၁၇ ရက်(ဆင်ဟွာ) လာမည့် ၂၀၁၇ ခုနှစ် စက်တင်ဘာလ အတွင်း ပြုလုပ်မည့် အာဆီယံ ယူ-၁၈ ချန်ပီယံရှစ် ပြိုင်ပွဲကို မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်(MFF)၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။
ဂိုအာ၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် မြန်မာနိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့သည် အိန္ဒိယနိုင်ငံ ဂိုအာပြည်နယ်တွင် တွေ့ဆုံကာ ကျယ်ပြန့်သော မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက် ဆက်ဆံရေးအဖြစ် တွန်းအားပေး လုပ်ဆောင်သွားကြမည်ဟု မျှော်လင့်ကြောင်း သိရသည်။
ဘန်ဒါစရီဘီဂါဝမ်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေး သည် ဘရူနိုင်းနိုင်ငံသို့ ၎င်း၏ ပထမဆုံး နိုင်ငံတော်ခရီးစဉ်အဖြစ် အောက်တိုဘာ ၁၆ ရက်ညနေပိုင်းက ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ဂျကာတာ ၊ အောက်တိုဘာ ၁၇ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းပေါ်၌ အောက်တိုဘာလ ၁၆ ရက် ညပိုင်းက တံတားတစ်စင်း ပြိုကျမှုဖြစ်ပွားခဲ့ရာ လူ ၉ ဦးသေဆုံးပြီး ၃၄ ဦး ထိခိုက်ဒဏ်ရာရသွားကြောင်း ဒေသတွင်း ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင်က ဆိုသည်။