Connect with us

Africa & Middle East

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းတွင် ဘုံဘိုင်ရေသောက်မိသဖြင့် လူ ၁၀၀ ကျော် အဆိပ်သင့်

ယူကရိန်းနိုင်ငံရှိ လမ်းမပေါ်တွင် လူနာတင်ကားတစ်စီးသွားနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ကိဗ်၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံ အရှေ့ပိုင်း Donetsk ဒေသ အစိုးမဟုတ်သောအဖွဲ့အစည်း ထိန်းချုပ်ထားသော Makiivka မြို့တွင် ဘုံဘိုင်ရေ သောက်သုံးမိသဖြင့် လူ ၁၁၇ ဦး ထက်မနည်း အဆိပ်သင့်ခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက စက်တင်ဘာလ ၂၈ ရက်တွင် ပြောကြားလိုက်သည်။

ယူကရိန်းနိုင်ငံ Donetsk နှင့် Lugansk ဒေသများ၏ တာဝန်ရှိသူ Pavlo Lysyanskyi က အဆိပ်သင့်သူများ အားလုံးကို ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း၊ အခြေအနေမှာမစိုးရိမ်ရကြောင်း Facebook ပေါ်တွင် ရေးသားခဲ့သည်။အဆိုပါလူများသည် မန်ဂနိစ်ဓာတ်တစ်မျိုး ပါဝင်နေသော ဘုံဘိုင်ရေသောက်သုံးပြီးနောက် ဖျားနာခဲ့ကြောင်း ဒေသခံမီဒီယာက သတင်းဖော်ပြထားသည်။ ၎င်းတို့သည် အစာအိမ်အောင့်ခြင်း၊ အော့အန်ခြင်း၊ ခန္ဓာကိုယ်အေးစက်ကာ ဖျားခြင်း စသည့်လက္ခဏာများပြခဲ့ကြောင်း သိရသည်။ကနဦး သတင်းအချက်အလက်အရ Makiivka မြို့၏ဗဟိုရေသန့်စင်စနစ် ချို့ယွင်းချက်ကြောင့် ယခုလိုဖြစ်ပွားရခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)