ရန်ကုန် ၊ မတ် ၁ ရက် (ဆင်ဟွာ) တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ကိစ္စရပ် များအပါအဝင် နိုင်ငံရေးဆွေးနွေးပွဲများနှင့် ပတ်သက်၍ မူပိုင်းဆိုင်ရာကိစ္စရပ်များအား နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် UNFC ၏ နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ (DPN)တို့ ယနေ့ မတ် ၁ ရက်တွင် နေပြည်တော်၌...
ရန်ကုန် ၊ မတ် ၁ ရက်(ဆင်ဟွာ) ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် ဝင်ငွေခွန် ကင်းလွတ် ၊ သက်သာခွင့်ကို ဖွံ့ဖြိုး တိုးတက်မှု ဒေသအလိုက် ရရှိစေမည့် ဇုန်အမျိုးအစားများအား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ သတ်မှတ် ထုတ်ပြန်ခဲ့သည်။
ဟီနန်၊ ဖေဖော်ဝါရီ ၂၇ ရက်(ဆင်ဟွာ) ကွန်ဖူးပညာသည် ယခုအချိန် တွင် စိတ်ဝင်စားသူများပြား လာသောကိုယ်ခံပညာတစ်မျိုးလည်းဖြစ်သည်။ ကွန်ဖူးကစားခြင်းဖြင့် ကျန်းမာရေးအထူးကောင်းမွန်စေကာ သွေးလည်ပတ်မှုမျှတစေပြီး ခန္ဓာကိုယ် အပူအအေးကိုထိန်းညှိပေးနိုင်သည်။ တရုတ်နိုင်ငံတွင် နှင်းများထူထပ်စွာကျရောက်သည့်နှင်းတောထဲတွင် ရှောင်လင်ကိုယ်တော်များမှ အပေါ်ပိုင်းသင်္ကန်းမပါဘဲ ကွန်ဖူးလေ့ကျင့်ခန်းများပြုလုပ်ခဲ့ကြသည်။ သာမန်လူများအဖို့နှင်းတောထဲတွင် ယခုကဲ့သို့နေရန်မဖြစ်နိုင်သော်လည်း ကွန်ဖူးအစွမ်းဖြင့်သာ နေနိုင်သည်ကိုယခုကဲ့သို့ video ထဲတွင်မြင်တွေ့နိုင်ပါသည်။(Xinhua)
ပေကျင်း၊ ဖေဖော်ဝါရီ ၂၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံတွင် တောခုတ်ဓားကို ဗိုက်ပေါ်တင်ပြီး (ကွန်ဖူးအစွမ်း) စတန့်ပြသူတစ်ဦးကြောင့် စိတ်ဝင်စားစရာဖြစ်ခဲ့သည်။ ထိုစတန့်မှာ စိတ်ဝင်စားဖွယ်ကောင်းသော်လည်း အလွန်အန္တရာယ်များသဖြင့် ကျွမ်းကျင်မှုမရှိပါက လိုက်လံတုပခြင်း မပြုရန်လည်း အထူးသတိပေးထားသည်။(Xinhua)
ဖူကျင့်၊ ဖေဖော်ဝါရီ ၂၈ ရက်(ဆင်ဟွာ) ဖူကျင့်ပြည်နယ်၊ လျန်ချန်းစီရင်စုတွင် ရုပ်သေးပညာရှင်များက ကြိုးဖြင့်ဆွဲသည့် ရုပ်သေးရုပ်များဖြင့် ခြသေ့ၤအကဖြင့်ကပြဖျော်ဖြေခဲ့သည်။ ထို့အပြင် ရှေးခေတ်တရုတ်ရိုးရာပုံစံဖြင့်လည်းဖျော်ဖြေခဲ့ရာ ဆေးလိပ်သောက်သောရုပ်သေးရုပ်၊ တရုတ်စာရေးသောရုပ်သေးရုပ်များလည်းပါဝင်ခဲ့ရာလွန်စွာစိတ်ဝင်စားဖွယ်ကောင်းလှသည်။ ရုပ်သေးရုပ်များမှာ ၂ ကီလိုဂရမ်မှ ၅ ကီလိုဂရမ်အလေးချိန်ရှိကာ ဇာတ်ကောင်စရိုက်အမျိုးမျိုးကို သရုပ်ဖော်ကပြနိုင်စွမ်းရှိသည်။(Xinhua)