ဆိုးလ်၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ၏ လတ်တလော နျူကလီးယား စမ်းသပ်မှု ပြုလုပ်ခဲ့ပြီးနောက် အမေရိကန်နိုင်ငံက နျူကလီယား လက်နက် သယ်ဆောင်နိုင်စွမ်းရှိပြီး အသံထက်မြန်သော ဗုံးကြဲလေယာဉ် နှစ်စင်းအား တောင်ကိုရီးယားနိုင်ငံသို့ စက်တင်ဘာလ ၁၂ ရက် စေလွှတ်ခဲ့ကြောင်း သိရသည်။
ဆစ်ဒနီ၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)စက်တင်ဘာလ ၁၁ ရက်နေ့က သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့၏ နံမည်ကျော်ကြားလှပသည့် ဘွန်ဒီ ကမ်းခြေတွင် 2016 ခုနှစ် သြစတြေးလျနိုင်ငံ၏ အကြီးဆုံး စွန်လွှတ်ပွဲတော်ကျင်းပခဲ့သည်။ ဒေသတွင်းနှင့် နိုင်ငံတကာမှ စွန်လွှတ်ဝါသနာရှင်များပါ လာရောက်ဆင်နွှဲကြသည့်ပွဲတော်လည်းဖြစ်သည်။ ၎င်းတို့၏ စွန်များကို လေပေါ်တွင် ဒီဇိုင်းအမျိုးမျိုးနှင့် လွှတ်တင်ကာအစွမ်းပြသကြသကဲ့သို့...
ရန်ကုန်၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ) ၂ဝ၁၆ အာဆီယံ ယူ-၁၉ ပြိုင်ပွဲအုပ်စု(ခ) ပထမနေ့ပွဲစဉ်များ ကို စက်တင်ဘာ၁၂ရက် က ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ကျင်းပရာ မြန်မာအသင်း က အင်ဒိုနီးရှား အသင်းအားနိုင်ပွဲရယူနိုင်ခဲ့ပြီး မြန်မာ ယူ-၁၉ အသင်းသည် ဒုတိယပွဲအဖြစ် စက်တင်ဘာ ၁၄...
ရန်ကုန်၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ) ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာပူးတွဲ စောင့်ကြည့်ရေးကော်မတီ(JMC)အစည်း အဝေးကို ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)၌ စက်တင်ဘာ ၁၃ရက်မှ ၁၅ရက်နေ့ထိ သုံးရက်ကြာ ကျင်းပဆွေးနွေးလျက်ရှိသည်။
နန်နင်း ၊ စက်တင်ဘာလ ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတောင်ပိုင်း Guangxi Zhuang ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ မြို့တော် နန်နင်း၌ ပြုလုပ်သည့် ၁၃ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ တတိယမြောက်နေ့ကို စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပလျက်ရှိကြောင်း သိရသည်။