Connect with us

North America

မက္ကဆီကိုနိုင်ငံတွင် ပင်လယ်လိပ် အကောင် ၃၀၀ ကျော်သေဆုံးလျက်တွေ့ရှိ

ပင်လယ်ကမ်းစပ်တွင် သေဆုံးနေသည့် ပင်လယ်လိပ်များအား တွေ့ရစဉ် (ဓာတ်ပုံ- PROFEPA)

မက္ကဆီကိုစီးတီး၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ)

မက္ကဆီကို ကမ်းရိုးတန်းပြင်ပတွင် ပင်လယ်လိပ် အကောင် ၃၀၀ ကျော်အား သေဆုံးလျက်တွေ့ရှိရကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

အဆိုပါ သေဆုံးနေသည့်လိပ်များအား နိုင်ငံတောင်ပိုင်း Oaxaca ပြည်နယ်ရှိ ကမ်းရိုးတန်းတွင် သြဂုတ်လ ၂၈ ရက်က တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း မက္ကဆီကိုနိုင်ငံ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး ဖယ်ဒရယ်ရှေ့နေချုပ်ရုံး (PROFEPA) က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

ပင်လယ်အတွင်းမဟုတ်ဘဲ မြစ်ကမ်းများတွင် ငါးဖမ်းကြသည့် တရားမဝင် ငါးဖမ်းပိုက်များ၌ ထိုလိပ်များ ဖမ်းမိနေခြင်းဖြစ်ကြောင်း ဖက်ဒရယ်ရှေ့နေချုပ်ရုံးက ပြောခဲ့သည်။

ကမ်းပေါ်၌ ကျန်ရှိနေသည့် လိပ်များအား တာဝန်ရှိသူများက ယူဆောင်သွားပြီး ကျင်းနှစ်ကျင်းတူကာ မြှုပ်နှံခဲ့ကြောင်း၊ တရားမဝင် ငါးဖမ်းပိုက်များ၏ စိုးရိမ်ဖွယ်အကြောင်းအား ဒေသခံ ငါးဖမ်းသမားများအား သတိပေးခဲ့သည်။

ရှားပါး ပင်လယ်လိပ် (Olive ridley turtle) များသည် မေလမှ စက်တင်ဘာလအတွင်း မက္ကဆီကိုနိုင်ငံ ပြည်နယ်အများအပြားမှ ဆင်းသက်လာပြီး ၎င်းတို့၏ဥများကို ဥချလေ့ရှိသည်။ “သူတို့ရဲ့ ရပ်တည်ရန်ခက်ခဲတဲ့ အနေအထားဖြစ်လာတာကတော့ သူတို့ရဲ့အသိုက်နေရာက အလွန်နည်းပါးတယ်။ ဒါကြောင့် သူတို့အသိုက်ရှိရာ ကမ်းခြေတစ်ခုမှာ အနှောင့်အယှက် တစ်စုံတစ်ရာ ရှိလာခဲ့တာက အကောင်ရေတိုးပွားနှုန်းကို ကြီးမားစွာ ဂယက်ရိုက်ခတ်မှုဖြစ်စေတယ်” ဟု World Wildlife Fund အရ သိရသည်။

ယခုလအစောပိုင်းကလည်း ပင်လယ်လိပ် ၁၀၂ ကောင်သေဆုံးမှု ဖြစ်ပွားခဲ့ပြီး မက္ကဆီကိုရှိ အခြားပြည်နယ်တစ်ခုဖြစ်သော Chiapas တွင် ဘေးမဲ့တောတစ်ခုအတွင်း အခြားပင်လယ်လိပ်များ သေဆုံးလျက်တွေ့ရှိခဲ့ရသည်။ ယင်းသို့ ဖြစ်ပွားရခြင်းအကြောင်းရင်းအား စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း PROFEPA က ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.