ဂျကာတာ၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ၏ မြို့တော်သစ်ဖြစ်သည့် နျူဆန်ထရာတွင် ပြည်ပရင်းနှီးမြှုပ်နှံမှုများ ရရှိစေရေးအတွက် ပြည်ပရင်းနှီးမြှုပ်နှံမှုဆိုင်ရာဥပဒေကို ရေးဆွဲပြီးစီးခဲ့ကြောင်း သမ္မတ ဂျိုကိုဝီဒိုဒိုက ဇူလိုင် ၂၈ ရက်က မြို့တော်သစ် တည်ဆောက်မှုဆိုင်ရာ လုပ်ငန်းအခြေအနေတိုးတက်မှုများ ပြန်လည်သုံးသပ်ရာ၌ ပြောကြားခဲ့ကြောင်း သိရသည်။ လက်ရှိအချိန်အထိ စီးပွားရေးလုပ်ငန်းများမှ မြို့တော်သစ်တွင်...
ဒါကာ၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက ငွေကြေးထောက်ပံ့ထားသည့် Payra လျှပ်စစ်ဓာတ်အားပေးစက်ရုံက ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ လျှပ်စစ်ဓာတ်အား ရရှိရေးတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်နေကြောင်း သိရသည်။ မဂ္ဂဝါပ် ၁,၃၂၀ ရှိပြီး ဂေဟစနစ်နှင့် ကိုက်ညီသော ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံက ဘင်္ဂလားဒေ့ရှ်နိုင်ငံအား ultra-supercritical နည်းပညာအား မိတ်ဆက်ပေးခဲ့ကြောင်း...
ဟနွိုင်း၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံသို့ ယခုနှစ် ပထမ ခုနစ်လအတွင်း နိုင်ငံတကာခရီးသွား ၁၀ သန်းနီးပါး လာရောက်ခဲ့ကြောင်းနှင့် ယင်းခရီးသွားများအနက် ဥရောပမှ ခရီးသွားအရေအတွက်သည် သိသိသာသာတိုးလာကြောင်း ဗီယက်နမ်နိုင်ငံ အထွေထွေစာရင်းအင်းရုံးက ဇူလိုင် ၂၉ ရက်တွင်ပြောကြားသည်။ နိုင်ငံတကာ ခရီးသွားဝင်ရောက်မှု ကိန်းဂဏန်းများအရ ယမန်နှစ်...
(ကမ္ဘာ့ရွှေဈေး) တစ်အောင်စ= ၂,၃၉၅ အမေရိကန်ဒေါ်လာ အကယ်ဒမီမီးလင်းရွှေ (အဖွင့်ဈေး) = ၄,၆၄၃,၄၆၄ ကျပ် (YGEA) ဖော်ပြပါ အချက်အလက်များသည် (၃၀.၇.၂၀၂၄ ) တွင် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) မှ ထုတ်ပြန်သော အဖွင့်ဈေးနှုန်းများကို စုစည်းဖော်ပြခြင်းဖြစ်သည်။ ဈေးနှုန်းများ အချိန်နှင့်အမျှ အပြောင်းအလဲရှိနိုင်ပါသည်။ (Xinhua)
ပေကျင်း၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံသို့ တရားဝင် အလည်အပတ် ခရီးစဉ် လာရောက်သော အီတလီနိုင်ငံဝန်ကြီးချုပ် Giorgia Meloni နှင့် ဇူလိုင် ၂၉ ရက် ညနေပိုင်းက ပေကျင်းမြို့ တျောက်ယွီထိုင်နိုင်ငံတော်ဧည့်ဂေဟာတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုသို့တွေ့ဆုံဆွေးနွေးပြီးနောက်《တရုတ်-အီတလီ ဘက်စုံမဟာဗျူဟာမြောက်...