မနီလာ ၊ ဒီဇင်ဘာ ၁၂ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း၌ ဒီဇင်ဘာလ ၁၁ ရက်တွင် အစိုးရတပ်ဖွဲ့နှင့် အဘူဆေးယက်ဖက်သူပုန်တပ်ဖွဲ့တို့အကြား ၂ နာရီကြာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ရာ သူပုန်တပ်ဖွဲ့ဝင် ၁ဝ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရသွားကြောင်း ဒေသဆိုင်ရာစစ်တပ်ပြောခွင့်ရပုဂ္ဂိုလ်က ဒီဇင်ဘာလ ၁၂ ရက်တွင် ပြောကြားခဲ့သည်။
ဒမတ်စကတ်စ် ၊ ဒီဇင်ဘာ ၁၂ ရက်(ဆင်ဟွာ) ဆီးရီးယားနိုင်ငံအလယ်ပိုင်းရှိ Palmyra ရှေးဟောင်းမြို့တော်ကို ဒီဇင်ဘာလ ၁၁ ရက်တွင် အိုင်အက်စ်(IS) အကြမ်းဖက်သမားများက ပြန်လည်သိမ်းပိုက်လိုက်ပြီးဖြစ်ကြောင်း ၊ ၎င်းမြို့မှာ လွန်ခဲ့သော ၉ လခန့်တွင် အိုင်အက်စ်တို့ထံမှ ဆီးရီးယားစစ်တပ်က သိမ်းပိုက်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကိုင်ရို၊ ဒီဇင်ဘာ ၁၂ရက် (ဆင်ဟွာ) အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ ရှိ Coptic ခရစ်ယာန်ဘုရားကျောင်း တွင် ဒီဇင်ဘာ ၁၁ရက်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့မှုကြောင့် သေဆုံးသူအရေအတွက်သည် အနည်းဆုံး လူ ၂၅ဦးရှိလာကာ အခြားလူ ၄၉ဦးဒဏ်ရာရရှိခဲ့ကြောင်း အီဂျစ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဋ္ဌာန က ထုတ်ပြန်ချက်တွင်ပြောကြားခဲ့သည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၁၂ ရက်(ဆင်ဟွာ) မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ဒေးဝန်းအရှေ့ ရပ်ကွက် အကွက်(၂၉၄) ကျောင်းကုန်းရပ်ရှိ ရေပန်း ဘုန်းကြီး ကျောင်းတိုက်ဝင်း၊ လက်ဖက်အုပ် ဘုန်းကြီးကျောင်းအတွင်း၌ ပေါက်ကွဲစေတတ်သော ပစ္စည်း များနှင့် ဆက်စပ်ပစ္စည်းများအား ဒီဇင်ဘာ ၁၁ ရက်တွင် ဖမ်းဆီးရမိသဖြင့် အမှုဖွင့် အရေးယူ...
အမ်မန်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) ဂျော်ဒန်နိုင်ငံက တိုင်းပြည်၏ လျှပ်စစ်နှင့် ရေ အရင်းအမြစ် ကဏ္ဍ ပြုပြင်ပြောင်းလဲရေးတွင် ထောက်ပံ့ရန် ကမ္ဘာ့ဘဏ်ထံမှ ချေးငွေ အမေရိကန် ဒေါ်လာ သန်း ၂၅၀ အား လက်မှတ်ရေးထိုးလိုက်ကြောင်း သိရသည်။