Connect with us

Asia

အာဖဂန်စစ်စခန်းတစ်ခုအား တာလီဘန်တို့တိုက်ခိုက်၍ စစ်သား ၄၅ဦး သေဆုံး

-အာဖဂန်နစ္စတန်ရှိ တာလီဘန်တပ်ဖွဲ့ဝင်များအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ကဘူးလ်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း ပူးတွဲစစ်စခန်းတစ်ခုအား သန်းခေါင်ယံအချိန်တွင် တာလီဘန်စစ်သွေးကြွတို့ ဝင်ရောက်တိုက်ခိုက်မှုကြောင့် အနည်းဆုံး အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင် ၄၅ဦး သေဆုံးခဲ့ကြောင်း ပြည်တွင်း မီဒီယာ Tolo News ရုပ်သံလိုင်းက သြဂုတ် ၁၅ ရက်တွင် ဖော်ပြခဲ့သည်။

မြို့တော်ကဘူးလ်မြို့ မြောက်ဘက် ၁၆၀ကီလိုမီအကွာ Baghlan ပြည်နယ် Baghlan-e-Markazi ခရိုင် ရှိ Allahuddin စစ်အခြေစိုက်စခန်းတစ်ခုကို တာလီဘန်စစ်သွေးကြွ ရာပေါင်းများစွာက သန်းခေါင်ယံအချိန်တွင်ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ပြည်နယ်ဆိုင်ရာ လုံခြုံရေး သတင်းရင်းမြစ်တစ်ခု၏ပြောကြားချက်ကို ကိုးကား၍ သတင်း၌ဖော်ပြခဲ့သည်။

သေဆုံးသူများအနက် ၃၅ဦးမှာ စစ်သားများဖြစ်ပြီး ကျန် ၁၀ဦးမှာ အာဖဂန်ဒေသခံ ရဲတပ်ဖွဲ့ဝင်များ ဖြစ်ကြောင်း သိရသည်။

ယခုတိုက်ခိုက်မှုသည် တစ်ပတ်အတွင်း တာလီဘန်တို့က အာဖဂန်လုံခြုံရေးတပ်ဖွဲ့များကို ပစ်မှတ်ထား၍ ဒုတိယအကြိမ်မြောက်တိုက်ခိုက်မှုဖြစ်ပြီး သြဂုတ် ၁၃ ရက်တွင် မြောက်ပိုင်း Faryab ပြည်နယ် ရှိ စစ်စခန်းတစ်ခုကို တာလီဘန်တို့ ဝင်ရောက်စီးနင်းမှုကြောင့် အာဖဂန် တပ်ဖွဲ့ဝင် ၁၇ဦးသေဆုံးကာ ၁၅ဦး ဒဏ်ရာရရှိခဲ့ပြီး ၅ဦးကို စစ်သွေးကြွများ က ဖမ်းဆီးသွားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.