ကဘူးလ်၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ဂါ့ဇ်နီပြည်နယ် အရှေ့ပိုင်းတွင် လွန်ခဲ့သည့် နှစ်ရက်အတွင်း အာဖဂန် အထူးတပ်ဖွဲ့ဝင် ၁၀၀ ခန့် ပျောက်ဆုံးနေကြောင်း ဒေသခံ Tolonews ရုပ်သံက သြဂုတ်လ ၁၃ ရက်တွင် သတင်းတင်ပြခဲ့သည်။
နယူးဒေလီ၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အနောက်ပိုင်း Gujarat ပြည်နယ်တွင် ကားတစ်စီးသည် လမ်းချော်ပြီး ချောက်တစ်ခုအတွင်းသို့ ပြုတ်ကျခဲ့ရာ ကလေးငယ် ၇ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ က သြဂုတ် ၁၂ရက်တွင်ပြောကြားခဲ့သည်။
ရန်ကုန်၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ) ပဲခူးမြစ်ရေမြင့်တက်လာမှုကြောင့် သြဂုတ် ၁၂ ရက်၌ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၊ (၉၃)ရပ်ကွက်၊ ရွှေလီလမ်း၊မြကျွန်းသာလမ်း၊ မြကန်သာလမ်း၊ ယမုံနာလမ်း၊ ဇော်ဂျီလမ်း၊ ပန်းလောင်လမ်း၊ ကန်သာယာလမ်း၊ မေယုလမ်းတို့ရှိ နေအိမ် (၁၀၀၀)လုံးခန့်နေအိမ်များအတွင်းသို့ ရေများဝင်းရောက်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။
ရန်ကုန် ၊ သြဂုတ် ၁၃ ရက်(ဆင်ဟွာ) မွန်ပြည်နယ် ၊ ပေါင်မြို့နယ် ၊ အလှပ်ကျေးရွာ ကမ်းနားပိုင်းရှိ နေအိမ်များအတွင်းသို့ သြဂုတ် ၁၂ ရက် ၊ နေ့ လည်ပိုင်း အချိန်တွင် ပင်လယ် ဒီရေ မြင့်တက်မှု ကြောင့် ရေ ၅ ပေခန့်...