ပြုံယမ်း ၊ စက်တင်ဘာ ၁၉ ရက်(ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံသမ္မတမွန်ဂျေအင် နှင့် မြောက်ကိုရီးယားနိုင်ငံ ထိပ်တန်းခေါင်းဆောင် ကင်ဂျုံအမ်တို့သည် စက်တင်ဘာလ ၁၈ ရက်နေ့က ပြုံယမ်းတွင် ဆွေးနွေးခဲ့ကြပြီးနောက် သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ ထို့အပြင် ပြုံယမ်းမြို့၌ ပြုလုပ်သည့် ရုပ်မြင်သံကြားသတင်းစာရှင်းလင်းပွဲတွင် တောင်ကိုရီးယားနိုင်ငံသမ္မတမွန်ဂျေအင်ကလည်း ကိုရီးယားကျွန်းဆွယ်၌ နျူကလီးယားဖျက်သိမ်းရေး နည်းလမ်းများအတွက် ပထမဆုံးအကြိမ်အဖြစ်...
ချုံချင့်၊ စက်တင်ဘာ ၁၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ချုံချင့်မြို့ မြောင်လူမျိုးကိုယ်ပိုင်အုပ်ချုပ်ရေးခရိုင်ရှိ ကုန်းထန်းရှေ့ဟောင်းမြို့လေးသည် ဝူးကျန်းမြစ် အရှေ့ဘက်ကမ်းတွင် တည်ရှိရာ ဝေးလံသော်လည်း သာယာလှပပြီး ဆိတ်ငြိမ်အေးချမ်း သည့် သမိုင်း နှစ်ပေါင်း ၁၇၀၀ ကျော်ရှိသည့် မြို့လေးဖြစ်သည်။
ရန်ကုန်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော မြန်မာ့ကမ်းရိုးတန်းအနီး တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေကြောင်း၊ အဆိုပါ လေဖိအားနည်း ရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ နောက်(၂၄)နာရီအတွင်း မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ၂ နာရီသတင်းထုတ်ပြန်ချက်အား ထုတ်ပြန်ခဲ့သည်။
နေပြည်တော်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ငန်းများ ပိုမို လွယ်ကူ မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေး အတွက် အမြန်ဆုံး ပြုပြင် ပြောင်းလဲပေးဖို့ ကြိုးပမ်းလျက်ရှိကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေက ယနေ့ ပြည်ထောင်စု လွှတ်တော်တွင်...
ပေကျင်း၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ လေယာဉ်ထုတ်လုပ်ရေး ကော်ပိုရေးရှင်း (AVIC) သည် ခေတ်သစ်ပိုးလမ်းမကြီးတစ်လျှောက်ရှိ ၂၈ နိုင်ငံနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုများရှိခဲ့ကြောင်း နိုင်ငံပိုင် လေယာဉ်ထုတ်လုပ်မှုလုပ်ငန်းကြီးထံမှ သိရသည်။