ဝါရှင်တန် ၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတ အဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံထားရသော ဒေါ်နယ်ထရမ့်က ၎င်းရုံးတက်သည့် ပထမဦးဆုံးနေ့တွင် (TPP) Trans-Pacific ပူးပေါင်းဆောင်ရွက်မှုအဖွဲ့မှ နှုတ်ထွက်ခြင်းကို ပြုလုပ်သွားမည်ဖြစ်ကြောင်း နိုဝင်ဘာလ ၂၁ ရက်က ထုတ်ဖော်ကြေညာလိုက်သည်။
နေပြည်တော်၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ) ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့သဘောကွဲလွဲခဲ့ကြသော ရပ်ကွက်၊ သို့မဟုတ် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးဥပဒေကို တတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းအား ယနေ့ကျင်းပသည့် ဒုတိယ အကြိမ် ပြည်ထောင်စုလွှတ်တော် တတိယ ပုံမှန်အစည်းအဝေး၊ တတိယနေ့တွင် အတည်ပြုခဲ့သည်။
ရန်ကုန်၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ) မူဆယ်မြို့ နှင့် ကွတ်ခိုင်မြို့နယ်အတွင်းရှိ တပ်စခန်းနှင့် ရဲတပ်ဖွဲ့စခန်းများ၊ ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းတို့အား KIA ၊ TNLA ၊ နှင့် MNDAA လက်နက်ကိုင်များ ဝင်ရောက် တိုက်ခိုက်ခဲ့မှုကြောင့် ၈ဦးသေဆုံး၊ ၂၉ဦး ဒဏ်ရာရရှိထားကြောင်း နိုင်ငံတော်၏...
ရန်ကုန်၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်ရှိ Capital Hypermarket ဈေးဝယ်စင်တာ၌ ဖြစ်ပေါ်ခဲ့သော အသေးစားပေါက်ကွဲမှုအား အမှုဖွင့် စစ်ဆေးနေကြောင်း ဒေါပုံမြို့နယ် ရဲစခန်းမှ ရဲအရာရှိတစ်ဦးက အတည်ပြုပြောကြားခဲ့သည်။ အဆိုပါ ဈေးဝယ်စင်တာ၌ နိုဝင်ဘာ ၂၀ရက်နေ့ ညနေ ၅နာရီကျော်ခန့်က အသေးစားပေါက်ကွဲမှု လေးနေရာဖြစ်ပေါ်ခဲ့ပြီး...
ရန်ကုန်၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ) မူဆယ်မြို့နယ်၊ ပန်ဆိုင်း နယ်မြေရဲစခန်းအား ယနေ့ နိုဝင်ဘာ ၂၁ ရက်နေ့ နံနက် ၆နာရီ ကျော်က KIA ၊ TNLA ၊ နှင့် MNDAA လက်နက်ကိုင်ပူးပေါင်းအဖွဲ့ အင်အား ၁၀၀ကျော်ခန့်က အဆိုပါ ရဲစခန်း၏...