Connect with us

Asia

အာဖဂန်မြို့တော်တွင် ရဟတ်ယာဉ် ပျက်ကျမှုကြောင့် လူ ၁ဦးသေဆုံး၊ ၄ဦး ဒဏ်ရာရရှိ

အာဖဂန်နစ္စတန် ယခင်ကဖြစ်ပွားခဲ့သည့် ရဟတ်ယာဉ်ပျက်ကျမှုတစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ကဘူးလ်၊ သြဂုတ် ၂ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်မြို့ အရှေ့ပိုင်း အစွန်ရှိ Sorubi ခရိုင် တွင် သြဂုတ် ၁ ရက်က စစ်ရဟတ်ယာဉ်တစ်စီးသည် ဓါတ်အားပေးတာဝါတိုင်တစ်တိုင် နှင့်တိုက်မိပြီး ပျက်ကျခဲ့ရာ အနည်းဆုံး လူ တစ်ဦး သေဆုံးခဲ့ကာ အခြားလူ ၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်းသတင်းဌာန 1TV ကဖော်ပြခဲ့သည်။

လေယာဉ်ပျက်ကျမှုသည် မြို့တော်ကဘူးလ် အရှေ့ပိုင်း ၅၀ကီလိုမီတာအကွာ အဆိုပါခရိုင်အတွင်းရှိ အာဖဂန်စစ်စခန်းတစ်ခုအနီး၌ ညနေပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မတော်တဆမှုနှင့် ပတ်သက်၍ တရားဝင် ထုတ်ပြန်ချက်များ ထွက်ပေါ်လာခြင်းမရှိသေးသော်လည်း အခြားအသေးစိတ်သတင်းအချက်အလက်များ ထွက်ပေါ်လာနေဆဲဖြစ်ကြောင်း သိရသည်။

ကဘူးလ်မြို့ ရဲချုပ် ဗိုလ်ချုပ်ကြီး Dawood Amin က အဆိုပါ ဖြစ်ရပ်အား အတည်ပြုပေးခဲ့ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် သတင်းမီဒီယာများထံ အသေးစိတ်အချက်အလက်များ မျှဝေပေးသွားမည်ဖြစ်ကြောင်း ဆင်ဟွာသို့ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.