လီမာ ၊ နိုဝင်ဘာ ၂၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့သည် လီမာမြို့၌ ကျင်းပသော အာရှ-ပစိဖိတ် စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု ( APEC) နိုင်ငံခေါင်းဆောင်များအစည်းအဝေးအပြီးတွင် ခဏကြာ သီးသန့်တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း တရုတ်နိုင်ငံကိုယ်စားလှယ်အဖွဲ့ပြောရေးဆိုခွင့်ရှိသူက နိုဝင်ဘာလ ၂ဝ ရက်တွင်ပြောကြားခဲ့သည်။
ဘရူနို အေးရိစ်၊ နိုဝင်ဘာ ၂၁ရက် (ဆင်ဟွာ) အာဂျင်တီးနားနိုင်ငံတွင် မွေးရာပါဉာဏ်ရည်နိမ့်ရောဂါ (Down syndrome) အကြောင်း ပြည်သူလူထု ပိုမို သိရှိစေရန် နှင့် အာဂျင်တီးနားမွေးရာပါဉာဏ်ရည်နိမ့်ရောဂါ အဖွဲ့အစည်းသို့ ငွေကြေးလှူဒါန်းရန်အတွက် အာဂျင်တီးနားနိုင်ငံသားအချို့သည် နိုဝင်ဘာ ၂၀ရက်က မီတာ ၅၀၀အရှည်ရှိသည့် ပီဇာကြီးအား ပြုလုပ်ခဲ့ကြောင်း သိရသည်။
မက္ကဆီကိုစီးတီး ၊ နိုဝင်ဘာ ၂၁ ရက်(ဆင်ဟွာ) အာဂျင်တီးနားနိုင်ငံ အနောက်-အလယ်ပိုင်း၌ နိုဝင်ဘာလ ၂ဝ ရက် ဒေသစံတော်ချိန် ညနေ ၅ နာရီ ၅၇ မိနစ်တွင် ပြင်းအား ၆.၄ အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း အမေရိကန်ဘူမိဗေဒတိုင်းတာရေး( USGS) က သတင်းထုတ်ပြန်ခဲ့သည်။
အန်ကာရာ ၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ) တူရကီနိုင်ငံမှ ဂျက်တိုက်လေယာဉ်များသည် Euphrates ဒိုင်းစစ်ဆင်ရေးအောက်တွင် ဆီးရီးယားနိုင်ငံမြောက်ပိုင်း Al-Bab မြို့အနီးရှိ အိုင်အက်စ်အကြမ်းဖက်သမားများရှိရာ ပစ်မှတ် ၁၇ ခုကို နိုဝင်ဘာလ ၂ဝ ရက် ညပိုင်းက တိုက်ခိုက်ချေမှုန်းခဲ့ကြောင်း Anadolu အေဂျင်စီက သတင်းဖော်ပြခဲ့သည်။
ပေကျင်း ၊ နိုဝင်ဘာ ၂၀ ရက်(ဆင်ဟွာ) တရုတ် နိုင်ငံ မှ ရေကြောင်း သုတေသန လုပ်ငန်းများ ဆောင်ရွက်ရန် သမုဒ္ဒရာ-၂(Dayan Erhao)သုတေသန သင်္ဘော နှင့် ရေအောက် သုတေသန လုပ်ငန်းများ ဆောင်ရွက် ရာတွင် အသုံးပြုသည့် ကျောင်းလုံ(JiaoLong) ရေငုတ်သင်္ဘော အတွက် ပင်မ...