Connect with us

Environment, Disasters & Accidents

ဘုရားသုံးဆူ-သံဖြူဇရပ်လမ်း၊ အပလုံကျေးရွာရှိ ရေမျောသွားသော ဘေလီသံဘောင်တံတားအား ပြန်လည် ပြုပြင်လျက်ရှိ

တံတားပြုပြင်နေမှုအားတွေ့ရစဉ် (ဓာတ်ပုံ--MOI)

ရန်ကုန်၊ သြဂုတ် ၁ ရက် (ဆင်ဟွာ)

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ဘုရားသုံးဆူမြို့၊ သုံးဆူ-သံဖြူဇရပ်လမ်း၊ အပလုံကျေးရွာ ရှိမိုင်တိုင် ၄၅/၁ (ပြောင်မထိန် ကျေးရွာအုပ်စု)ဘေလီ သံဘောင်တံတား (အရှည်ပေ ၅၀၊ အကျယ် ၁၄ပေ) သည် ဇူလိုင် ၂၄ ၇က် နံနက် ၇ နာရီတွင်တောင်ကျချောင်းရေနှင့် အတူမျောပါကာ ခရီးသွားပြည်သူများ အခက်အခဲဖြစ်ခဲ့ရာ တာဝန်ရှိ သူများမှ တံတားအား ပြန်လည်ပြင်ဆင်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

မော်လမြိုင် အခြေစိုက် တံတားဦးစီးဌာန၊ လမ်းအထူးအဖွဲ့(၁၄)မှ အင်ဂျင်နီယာ ဦးဝင်းနိုင်ဦး ဦးစီးသော အဖွဲ့များသည် ယက်မတွဲခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး သံဘောင်ဘေလီတံတား တည်ဆောက်ခြင်းအား ချဉ်းကပ်လမ်းအပါအဝင်ပေ ၉၀ တည်ဆောက်ပြီးစီး၍ တံတားအလိုင်မင်းချိန်ခြင်း၊ ဘေလီ ဘောင်အောက် ယက်မတန်းများတပ်ဆင်ခြင်း၊ ဘေလီဘောင်ဘေး သံတိုင်များ တပ်ဆင်ခြင်း၊ တံတားပြန်လည် တည်ဆောက်ခြင်း တို့အားဆက်လက်ဆောင်ရွက်ခဲ့ရာ သြဂုတ် ၁ ရက် နံနက် ၁၀ နာရီခွဲ အချိန်တွင် ၃၅ ရာခိုင်နှုန်းခန့်ပြီးစီးခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ အပလုံတံတားရေထဲမျောပါမှုကြောင့် ဘုရားသုံးဆူ – သံဖြူဇရပ်လမ်းပိုင်းရှိမော်တော်ယာဉ်များ သွားလာခြင်း မရှိ သေးဘဲ လူနှင့်မော်တော်ယာဉ်ငယ်များသာ စက်တပ်လှေငယ်များဖြင့် ဖြတ်သန်းသွားလာလျက်ရှိပြီး ချောင်းရေ ပြန်လည်ကျဆင်းသွားမှသာလျှင် မော်တော်ယာဉ်များ ချောင်းထဲမှဖြတ်သန်း သွားလာနိုင်မည်ဖြစ် ကြောင်းပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက် ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.