ဂါဇာ၊ သြဂုတ်(၂၈ )ရက် (ဆင်ဟွာ) အပြည်ပြည်ဆိုင်ရာတိရစ္ဆာန်လေးများပြုစုစောင့်ရှောက်ရေးအဖွဲ့က ဂါဇာကမ်းမြောင်ဒေသရှိ ခန် ယွန်နစ် တိရစ္ဆာန်ဥယျာဉ် ရှိ တိရစ္ဆာန် ၁၅ ကောင်ခန့်ကို အချိန်မီကယ်ဆယ်ခဲ့ရကြောင်းသိရသည်။ အဆိုပါ တိရစ္ဆာန် ဥယျာဉ်ကို ကမ္ဘာပေါ်တွင် အဆိုးဆုံး တိရစ္ဆာန် ဥယျာဉ် ဟု ခေါ်ဝေါ်ကြသည်။ ထိုဥယျာဉ်တွင် တိရစ္ဆာန် လေးများမှာ...
ရန်ကုန်၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ) စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းမြင့်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးH. E. Madam Gao Yan ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ကို ဝန်ကြီးရုံးအစည်းအဝေးခန်းမှ၌ တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံမှ ဆန်နှင့်ပြောင်း တင်ပို့ရန်အတွက်...
ရန်ကုန်၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ) ရွှေဘိုမြို့၌ အဆက်မပြတ် မိုးသည်းထန်စွာ ရွာသွန်းရာ မြို့ပေါ်ရှိ ရပ်ကွက်အားလုံး ရေလွှမ်းမိုးသွားကြောင်း၊ အချို့သော မြေနိမ့်ပိုင်းရပ်ကွက် အချို့တွင် ဒူးခေါင်း၊ ပေါင်လယ်ခန့်အထိ နစ်မြုပ်သွားကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။
အန်ကာရာ၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ အရှေ့တောင်ပိုင်း Diyarbakir မြို့ ရှိ လေဆိပ်သို့ ဒုံးကျည် လေးခု ကျရောက် ပေါက်ကွဲခဲ့ သော်လည်း လူသေဆုံးမှု မရှိခဲ့ကြောင်း Dogan သတင်းဋ္ဌာန က ဖော်ပြခဲ့သည်။
မော်စကို၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ မော်စကိုမြို့အရှေ့မြောက်ဘက်ရှိ ကုန်လှောင်ရုံတစ်ခုတွင် မီးလောင်မှုဖြစ်ပွားခဲ့၍ ၁၆ဦးထက်မနည်းသေဆုံးခဲ့ပြီး သေဆုံးသူ အားလုံးသည် ကာဂျစ္စတန်နိုင်ငံသားများဖြစ်ကြောင်း ပြည်တွင်း သတင်းဋ္ဌာနက သြဂုတ်၂၇ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။