Connect with us

Environment, Disasters & Accidents

မွန်ပြည်နယ် မော်လမြိုင်မြို့ မှ ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြို့ သို့ ပြေးဆွဲလျက်ရှိသော ရထားများအကန့်အသတ်မရှိ ယာယီရပ်ဆိုင်းထား

မီးရထားတစ်စင်းအားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ရန်ကုန်၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ)

မွန်ပြည်နယ် မော်လမြိုင်မြို့ မှ ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြို့ သို့ ပြေးဆွဲလျက်ရှိသော ရထားများအကန့်အသတ်မရှိ ယာယီရပ်ဆိုင်းထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။

မွန်ပြည်နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဒုံဝန်းဘူတာနှင့် နှင်းပုလဲ ဘူတာကြားရှိ တံတားအမှတ်(၇၄)မှာ ရေတိုက်စားပြီး ပျက်စီးသွားသဖြင့် မော်လမြိုင်မှ ရန်ကုန်သို့ပြေးဆွဲလျက်ရှိသော အမှတ်(၉၀)အစုန်ရထား၊ အမှတ် (၃၆)အစုန်ရထား၊ အမှတ်(၁၇၆) အစုန်ရထား၊ အမှတ်( ၁၆) အစုန်မော်လမြိုင် ပဲခူးရထားနှင့် ရန်ကုန်-မော်လမြိုင်သို့ ပြေးဆွဲလျက်ရှိသော အမှတ်(၁၉)အဆန် ရထား၊ အမှတ်(၃၅) အဆန်ရထား၊ အမှတ်( ၁၇၅) အဆန်ရထား၊ ပဲခူးမှ မော်လမြိုင် သို့ ပြေးဆွဲလျက်ရှိသော အမှတ်(၁၅)အဆန်ရထားများကို ဇူလိုင် ၂၉ ရက်မှစ၍ ရက်အကန့်အသတ်မရှိ ယာယီရပ်ဆိုင်းထားကြောင်း သိရသည်။

မော်လမြိုင်ရေးသို့ ပြေးဆွဲလျက်ရှိသော(၁၇၁)အဆန်ရထားနှင့်(၁၇၂)အစုန်ရထား၊ ရေးမှ ထားဝယ်သို့ ပြေးဆွဲလျက်ရှိသော (၁၇၅)အဆန်ရထားနှင့် (၁၇၆) အစုန်ရထား တို့မှာ ပုံမှန်ပြေးဆွဲလျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.