ရန်ကုန်၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသော ကုန်သေတ္တာတင် ကွန်တိန်နာယာဉ် ကြီးများကို နိုဝင်ဘာ ၁ရက်နေ့မှစပြီး အချိန်အကန့်အသတ်ဖြင့်သာ ဝင်ရောက်ပြေးဆွဲရန် ကြေညာချက်ထုတ်ပြန်ခဲ့သော်လည်း ညှိုနှိုင်းဆွေးနွေးမှု မပြီးပြတ်သေးသဖြင့် နိုဝင်ဘာလလယ်သို့ ရွှေ့ဆိုင်းထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။ ကုန်သေတ္တာတင်ယာဉ်ကြီးများအား ညပိုင်းဝင်ခွင့်ပြုမည့်အချိန်နှင့် အခြားသောအကြောင်းအရာများ...
ရန်ကုန်၊ နိုဝင်ဘာ ၂ရက် (ဆင်ဟွာ) စစ်တောင်းမှ မော်လမြိုင်မြို့နယ် အထိ ရထားလမ်းကို (၉)ချောင်းဆက် သံလမ်းများ အစားထိုး တပ်ဆင်ခြင်းမှာ ၂၉.၇၁ မိုင်ပြီးစီး နေပြီ ဖြစ်ကြောင်း မြန်မာ့မီးရထား လုပ်ငန်း တိုင်းအမှတ် (၈)မှ တိုင်းတာဝန်ခံ ထံမှ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်း ဒေသကြီး မြစ်ချောင်းများ အတွင်းမှ သဲနှင့်ကျောက် ထုတ်ယူသည့် လုပ်ငန်း တရားမဝင် လုပ်ကိုင်နေသူ များကို စီမံချက်ဖြင့် အရေးယူရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရေအရင်းအမြစ် နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးရေးဦးစီးဌာန တာဝန်ရှိသူ တစ်ဦးကပြောသည်။
နယူးဒေလီ ၊ နိုဝင်ဘာ ၂ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံသည် အိုင်အက်စ်အကြမ်းဖက်သမားများ၏ ပစ်မှတ်ဖြစ်လာနေကြောင်း သတင်းဖော်ပြမှုများထွက်ပေါ်လာပြီးနောက် အိန္ဒိယနိုင်ငံရောက် အမေရိကန်နိုင်ငံသားများအနေဖြင့် လုံခြုံရေးအသိ နှင့် သတိပြုနေထိုင်ကြရန် နယူးဒေလီမြို့ရှိ အိန္ဒိယနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက နိုဝင်ဘာလ ၂ ရက်တွင် သတိပေးချက်ထုတ်ပြန်လိုက်သည်။
ဝါရှင်တန်၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ) တစ်နေ့လျှင် ကြက်ဥ တစ်လုံး စားသုံးခြင်းက လေဖြတ်ခြင်းအား ၁၂ ရာခိုင်နှုန်း ကာကွယ်နိုင်ကြောင်း အမေရိကန် ကြက်ဥလုပ်ငန်းဆိုင်ရာ ဘုတ်အဖွဲ့ (American Egg Board) က ပြုလုပ်ခဲ့သည့် လေ့လာမှုအသစ် တစ်ခုက နိုဝင်ဘာလ ၁ ရက်က...