ရန်ကုန်၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားကောင်စီကို ဥပဒေ၊ စည်းမျဉ်း စည်းကမ်းရပ်များနှင့် အညီ လွတ်လပ်သော အဖွဲ့အစည်း တစ်ရပ်အနေဖြင့် ဆောင်ရွက်စေလိုကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။
ရန်ကုန်၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ) မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်တွင် မိုးသည်းထန်းစွာ ရွာသွန်းခဲ့ပြီး နောင်ရိုးချောင်းအတွင်း ဆိုင်ကယ်ဖြင့် ဖြတ်ကူးသူလူနှစ်ဦး မျောပါခဲ့ရာမှ တစ်ဦးပျောက်ဆုံးနေကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
တီဟီရန် ၊ သြဂုတ် ၂၆ ရက်(ဆင်ဟွာ) အီရန်နိုင်ငံ အနောက်ပိုင်း Kermanshahပြည်နယ်တွင် သြဂုတ် ၂၆ ရက် နံနက်ပိုင်းက ပြင်းအား ၅.၉ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ လူ ၁ ဦး သေဆုံးပြီး ၅၈ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံမီဒီယာများ၏ သတင်းဖော်ပြချက်များအရ သိရသည်။
ဝါရှင်တန် ၊ သြဂုတ် ၂၆ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ဆီးနိုတ်လွှတ်တော်အမတ် နှင့် သမ္မတလောင်း နှစ်ကြိမ် ဖြစ်ခဲ့ဖူးသူ ဂျွန်မက်ကိန်း(John McCain) သည် အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ်ရှိ ၎င်း၏နေအိမ်၌ သြဂုတ် ၂၅ ရက်တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း ၎င်း၏ လွှတ်တော်အမတ်ရုံး ထုတ်ပြန်ချက် တစ်စောင် အရ...
ရန်ကုန်၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ) အာဆီယံ ဘောလုံးအဖွဲ့ချုပ် (Asia Football Federation) ကောင်စီအစည်းအဝေးသို့ Asia Football Federation (AFF) ဒုတိယ ဥက္ကဋ္ဌဖြစ်သည့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် နှင့်အဖွဲ့ တက်ရောက်လျက်ရှိကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်မှ ယနေ့သတင်းထုတ်ပြန်သည်။