တူးနစ်၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ) တူနီးရှားနိုင်ငံ ဂရင်းတူးနစ် ဧရိယာရှိ ဘဏ်ခွဲတစ်ခုတွင် မျက်နှာဖုံးစွပ် အမျိုးသားတစ်ဦး က သေနတ်ဖြင့် ချိန်၍ ဓါးပြတိုက်ခဲ့ကြောင်း တူနီးရှားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Sofien Zaag က ဇူလိုင် ၁၁ ရက်တွင်ပြောကြားခဲ့သည်။
ကွေ့ယန်၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် စိမ့်မြေအရပ် (Wetland) နယ်မြေ ၅၃.၆ သန်းဟက်တာရှိကြောင်း၊ ယင်းအကျယ်အဝန်းသည် အာရှတွင် အကြီးဆုံးဖြစ်ပြီး ကမ္ဘာပေါ်တွင် စတုတ္ထအကြီးဆုံးဖြစ်ကြောင်း တရားဝင် အချက်အလက်များက ဖော်ပြထားသည်။
ကိဗ်၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံ မြို့တော် အပြင်ဘက် ရှိ Boryspill အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဇူလိုင် ၁၁ ရက် က ခရီးသည်တင်လေယာဉ် တစ်စီး အရေးပေါ်ဆင်းသက်ခဲ့ရကြောင်း လေဆိပ် အာဏာပိုင်များက ပြောကြားခဲ့သည်။
ရန်ကုန်၊ဇူလိုင် ၁၂ ရက် (ဆင်ဟွာ) မိသားစု စီမံကိန်းကို လက်လှမ်းမီ ရယူနိုင်မည်ဆိုပါက သားဖွားမိခင်သေဆုံးမှုကို (၃၀)ရာခိုင်နှုန်းထိ လျှော့ချနိုင်မည်ဖြစ်ကြောင်း ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ဒုတိယ သမ္မတ ဦးမြင့်ဆွေက ပြောကြားသည်။
တီဟီရန် ၊ ဇူလိုင် ၁၂ ရက်(ဆင်ဟွာ) အီရန်နိုင်ငံ အနောက်ပိုင်း Kurdistan ပြည်နယ်တွင် ဇူလိုင်လ ၁၁ ရက်က ဆီတင်ကားနှင့် ခရီးသည်တင်ကား တိုက်မိမှုကြောင့် အနည်းဆုံး လူ ၁၃ ဦးသေဆုံးပြီး လူအမြောက်အမြား ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။