ဘန်ကောက်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ အိမ်ရှေ့စံ Maha Vajiralongkorn က ထီးနန်းဆက်ခံခြင်းအား ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နန်းတော်ဥပဒေ နှင့် ရိုးရာဓလေ့ ထုံးတမ်းစဉ်လာများ ဖြင့် အသေးစိတ်ဆောင်ရွက်ထားခြင်းဖြစ်၍ ထိုင်းနိုင်ငံပြည်သူပြည်သားများအနေဖြင့် ထီးနန်းဆက်ခံခြင်းနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုမရှိကြရန် ပြောကြားခဲ့သည်။
ရန်ကုန် ၊ အောက်တိုဘာ ၁၆ ရက်(ဆင်ဟွာ) မြန်မာတို့၏ ၁၂ လ ရာသီပွဲတော်များတွင် အထင်ရှားဆုံး ပွဲတော်များတွင် တစ်ခု အပါအဝင် ဖြစ်သည့် သီတင်းကျွတ် မီးထွန်းပွဲတော် ဖြစ်ပြီး ယနေ့အောက်တိုဘာလ ၁၆ ရက်သည် သီတင်းကျွတ် လပြည့် အဘိဓမ္မာ အခါတော်နေ့ဖြစ်သည်။
ဂိုအာ ၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရန္ဒြာမိုဒီ နှင့် အောက်တိုဘာလ ၁၅ ရက်က တွေ့ဆုံစဉ် တရုတ်- အိန္ဒိယ နှစ်နိုင်ငံ အပြန်အလှန်ဆက်ဆံရေးတွင် ဘက်ပေါင်းစုံက မူဘောင်များဖြင့် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်သွားရန် နှင့် နှစ်နိုင်ငံမိတ်ဖက်ဆက်ဆံရေးတွင် နှစ်ဖက်အမြင်များကို အချင်းချင်းပိုမိုဖလှယ်သွားကြရန်...
ကျူချွမ်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် လူလိုက်ပါသည့် Shenzhou-11 အာကာသယာဉ်အား အောက်တိုဘာ ၁၇ ရက် ပေကျင်းစံတော်ချိန် နံနက် ရး၃၀နာရီတွင် လွှတ်တင်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ ၏ အာကာသအတွင်း လူသားများသွားရောက်မှု အစီအစဉ် ပြောရေးဆိုခွင့်ရှိသူ က အောက်တိုဘာ ၁၆ တွင်ပြောကြားခဲ့သည်။
ဆိုးလ် ၊ အောက်တိုဘာ ၁၆ ရက်(ဆင်ဟွာ) မြောက်ကိုးရီးယားနိုင်ငံ(DPRK) သည် တာလတ်ပစ် တိုက်ချင်းပစ်ဒုံးကျည်စမ်းသပ်မှုပြုလုပ်ခဲ့သော်လည်း မအောင်မမြင်ဖြစ်ခဲ့ရကြောင်း တောင်ကိုးရီးယားနိုင်ငံစစ်တပ်က ယနေ့အောက်တိုဘာလ ၁၆ ရက် တွင်ပြောကြားလိုက်သည်။