Connect with us

Social

တရုတ်-မြန်မာ နှစ်နိုင်ငံ ယဉ်ကျေးမှု ဖလှယ်ရေး နှင့် ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင် နိုင်စေရန် တရုတ် ယဉ်ကျေးမှု စင်တာ ရန်ကုန်မြို့၌ ဖွင့်လှစ်

တရုတ်နိုင်ငံ ယဉ်ကျေးမှု နှင့် ခရီးသွားလာရေး ၀န်ကြီး ဌာန ၊ ဒုတိယ ၀န်ကြီး H.E.Mr.Li Jinzao က အဖွင့် အမှာ စကား ပြောကြားစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇူလိုင် ၇ ရက်(ဆင်ဟွာ)

တရုတ်-မြန်မာ နှစ်နိုင်ငံ ယဉ်ကျေးမှု ဖလှယ်ရေး နှင့် ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင် နိုင်စေရေး ရည်ရွယ် ချက်များ ပါဝင်သည့် တရုတ် ယဉ်ကျေးမှု စင်တာအား ယနေ့ဇူလိုင် ၇ ရက်တွင် ရန်ကုန်မြို့၊ အလုံမြို့နယ် ၊ မင်းရဲကျော်စွာလမ်း၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ရန်ကုန် တရုတ် ယဉ်ကျေးမှု စင်တာဖွင့်ပွဲ အခမ်းအနားတွင် တရုတ်နိုင်ငံ ယဉ်ကျေးမှု နှင့် ခရီးသွားလာရေး ဝန်ကြီး ဌာန ၊ ဒုတိယ ဝန်ကြီး H.E.Mr.Li Jinzao ၊ မြန်မာနိုင်ငံ သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကို ၊ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် တို့က အဖွင့် အမှာစကားများ အသီးသီး ပြောကြားကြသည်။
တရုတ်နိုင်ငံ ယဉ်ကျေးမှု နှင့် ခရီးသွားလာရေး ဝန်ကြီး ဌာန ၊ ဒုတိယ ဝန်ကြီး H.E.Mr.Li Jinzao က တရုတ်-မြန်မာ နှစ်နိုင်ငံမှ ခေါင်းဆောင်ကြီးများ၏ ထောက်ခံ အားပေးမှု နှင့် နှစ်နိုင်ငံ ကဏ္ဍ အသီးသီးမှ ပုဂ္ဂိုလ်များ အတူတကွ ကြိုးစား အားထုတ်မှုကြောင့် ရန်ကုန် တရုတ်ယဉ်ကျေးမှု စင်တာကို ယနေ့တွင် စတင် ဖွင့်လှစ်နိုင် ခဲ့ပြီ ဖြစ်ကြောင်း အဖွင့်အမှာ စကား ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုက အဖွင့် အမှာ စကား ပြောကြားစဉ်(ဆင်ဟွာ)

တရုတ် ယဉ်ကျေးမှု စင်တာ တည်ထောင် လိုက်ခြင်းသည် တရုတ်-မြန်မာ နှစ်နိုင်ငံ၏ ချစ်ကြည်ရင်းနှီးမှု ဆက်ဆံရေး ဖွံ့ဖြိုး တိုးတက်ရန် အတွက် ထင်ရှားသည့် ရလဒ်ကြီး တစ်ခု ဖြစ်ရုံ သာမက နှစ်နိုင်ငံ ချစ်ကြည်ရေး အမှတ် လက္ခဏာ တစ်ခုလည်း ဖြစ်ကြောင်း ၊ စင်တာသည် “ကောင်းမြတ်သော အရည်အသွေး ဖြစ်စေခြင်း ၊ အများပြည်သူ အတွက် အကျိုးဆောင်ပေးခြင်း ၊ ချစ်ကြည်ရေးကို တိုးမြှှင့်စေခြင်း ၊ ပူးပေါင်း ဆောင်ရွက်ရေးကို ဖြစ်ပေါ်လာစေခြင်း” စသည့် ရည်ရွယ်ချက်များ အရ မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု ၊ အနုပညာ နှင့် ခရီး သွားလာရေး ကဏ္ဍမှ အဖွဲ့အစည်းများနှင့် အတူတူ ပူးပေါင်း ဆောင်ရွက်ကြမည် ဖြစ်ကြောင်း ဒုတိယ ဝန်ကြီး H.E.Mr.Li Jinzao က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်က အဖွင့် အမှာ စကား ပြောကြားစဉ်(ဆင်ဟွာ)

တရုတ် ယဉ်ကျေးမှု စင်တာသည် မြန်မာနိုင်ငံ ပြည်သူပြည်သားများ နှင့် ခရီးသွား ဧည့်သည်များ အတွက် တရုတ် နိုင်ငံ အကြောင်း နှင့် တရုတ် ယဉ်ကျေးမှုများကို မိတ်ဆက်ပေးသည့် တစ်ချိန်တည်းတွင် တရုတ်နိုင်ငံ ပြည်သူပြည်သားများ နှင့် ခရီးသွား ဧည့်သည်များ အတွက် မြန်မာနိုင်ငံ အကြောင်း နှင့် မြန်မာ့ ယဉ်ကျေးမှုကိုလည်း မိတ်ဆက်ပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။
ဒုတိယ ဝန်ကြီး H.E.Mr.Li Jinzao က တရုတ်နိုင်ငံ၏ One Belt One Road အဆိုပြုချက်၏ ရည်ရွယ်ချက်ထဲမှ တစ်ခုသည် နှစ်နိုင်ငံ ပြည်သူများ အချင်းချင်း အပြန်အလှန် သိရှိ နားလည် ယုံကြည်မှုကို ဖြစ်ပေါ်စေခြင်း ဖြစ်ကြောင်း ၊ ယဉ်ကျေးမှု အပြန်အလှန် ဖလှယ်ရေးသည် နှစ်နိုင်ငံ ပြည်သူများ အကြား ခြားနား ကွာဟမှုကို ပယ်ဖျောက်ပြီး ရင်းရင်းနှီးနှီး သင့်သင့်မြတ်မြတ် ဖြစ်လာစေရန် အတွက် အစားထိုး၍ မရသော အကျိုး သက်ရောက်မှု ရရှိစေနိုင်မည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် ယဉ်ကျေးမှု သံမှူး မစ္စတာ ထျန်ဆန့်ထင် က ရှင်းလင်း ပြောကြားစဉ်(ဆင်ဟွာ)
ရန်ကုန် တရုတ် ယဉ်ကျေးမှု စင်တာသည် အမှတ်(၃၉)ဒုတိယထပ် ၊ မင်းရဲကျော်စွာလမ်း ၊ အလုံမြို့နယ်တွင် တည်ရှိပြီး ဧရိယာ အကျယ်အဝန်း ၁၃၄၂ စတုရန်း မီတာ ရှိကြောင်း ၊ ပြခန်း ၊ Multimedia ခန်းမ ၊ သင်တန်းခန်းများ နှင့် စာကြည့်တိုက်တို့ပါရှိနေသဖြင့် အဆိုအက ဖျော်ဖြေပွဲ ၊ ပြပွဲ ၊ သင်တန်းများ ၊ နှစ်နိုင်ငံမှ သုတေတီ ပညာရှင်များ အချင်းချင်း ဖလှယ်ပွဲ နှင့် ရုပ်ရှင် ပြပွဲများကို စီစဉ်ကျင်းပနိုင်မည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန် တရုတ် ယဉ်ကျေးမှု စင်တာ ဖွင့်ပွဲ အခမ်းအနား ကျင်းပမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် တရုတ် ယဉ်ကျေးမှု စင်တာ ဖွင့်ပွဲ အခမ်းအနား ကျင်းပမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် တရုတ် ယဉ်ကျေးမှု စင်တာ ဖွင့်ပွဲ အခမ်းအနား ကျင်းပမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် တရုတ် ယဉ်ကျေးမှု စင်တာ ဖွင့်ပွဲ အခမ်းအနား ကျင်းပမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

မန်မာနိုင်ငံ သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုက ယခုကဲ့သို့ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုများ တိုးတက်ရန် သဘောတူ စာချုပ်များ လက်မှတ် ရေးထိုး ဆောင်ရွက် နိုင်ပြီး ထိုကဲ့သို့ဆောင်ရွက်နိုင်မှုများမှာ နှစ်နိုင်ငံ အကြား ဆက်ဆံမှုများသည် အများနှင့် မတူအောင် ထူးခြားမှု ရှိသည် ဆိုခြင်းကို သက်သေ တစ်ရပ် အနေဖြင့် ပြသမှု ဖြစ်ကြောင်း ဖွင့်ပွဲ အခမ်းအနားတွင် ဂုဏ်ပြု အမှာစကား ပြောကြား ခဲ့သည်။

ယနေ့ဖွင့်လှစ်သည့် တရုတ်ယဉ်ကျေးမှု စင်တာသည် နှစ်နိုင်ငံ အကြား အပြန်အလှန် ခင်မင် ရင်းနှီးမှုများကို ပိုမို ခိုင်မာစေရန် ၊ ယဉ်ကျေးမှု ကဏ္ဍတွင် ယထာဘူတ ကျသော ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်စေရန် နှင့် အဆင်ပြေ ချောမွေ့စွာ ပိုမို ချိတ်ဆက် ဆောင်ရွက်နိုင်မည့် ကွန်ယက် တစ်ခုကို တည်ဆောက်နိုင်မည် ဖြစ်ကြောင်းလည်း ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုက ပြောခဲ့သည်။
ရန်ကုန် တရုတ်ယဉ်ကျေးမှု စင်တာအား နှစ်နိုင်ငံ ပြည်သူပြည်သားများ အကြား အပြန်အလှန် နားလည်မှု နှင့် ချစ်ကြည်မှုကို တိုးမြှင့်နိုင်စေရန် နှင့် တရုတ်-မြန်မာ နှစ်နိုင်ငံ အကြား ချစ်ကြည် ရင်းနှီးသော ဆက်ဆံရေးကို ပိုမို ခိုင်မြဲပြီး ဆက်လက် ဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် တည်ထောင်ထားခြင်း ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်က ရန်ကုန် တရုတ် ယဉ်ကျေးမှု စင်တာကို ဖွင့်လှစ်လိုက်ခြင်းဖြင့် တရုတ်-မြန်မာ နှစ်နိုင်ငံ ပြည်သူလူထု စိတ်ချင်း ဆက်နွယ် နိုင်ရေး အတွက် ပေါင်းကူး တံတားသစ် အဖြစ် ဖော်ဆောင်ပေးနိုင်သည့် အပြင် တရုတ်-မြန်မာ အေးအတူ ပူအမျှ ဖြစ်သည့် အသိုက်အဝန်း ဖော်ဆောင်နိုင်ရေး အတွက်လည်း တက်တက်ကြွကြွ အကျိုးပြုပေးနိုင်မည်ဟု အခိုင်အမာ ယုံကြည်ပါကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်နိုင်ငံ သံရုံးသည် တရုတ်-မြန်မာ နှစ်နိုင်ငံ အစိုးရ၏ လမ်းညွှန်မှု နှင့် အားပေး ထောက်ခံမှုအောက်တွင် တရုတ်-မြန်မာ နယ်ပယ် အသီးသီးမှ ချစ်ကြည်ရင်းနှီးသည့် ပုဂ္ဂိုလ်များ နှင့် အတူ စင်တာကို ကောင်းမွန်စွာ ဖော်ဆောင်၍ လုပ်ငန်း လည်ပတ်နိုင်ရန် အစွမ်းကုန် ကြိုးပမ်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တရုတ်-မြန်မာ နှစ်နိုင်ငံ အစိုးရသည် ယဉ်ကျေးမှု စင်တာကို နှစ်နိုင်ငံ အပြန်အလှန် တည်ထောင်ရန် ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၄ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ သဘောတူ စာချုပ်ကို ချုပ်ဆိုခဲ့ကြပြီး တရုတ် ယဉ်ကျေးမှု စင်တာသည် ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၁၉ ရက်တွင် ဆိုင်းဘုတ် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ရန်ကုန် တရုတ် ယဉ်ကျေးမှု စင်တာ ဖွင့်ပွဲ အခမ်းအနားတွင် တရုတ်ယဉ်ကျေးမှု နှင့် ခရီး သွားလာရေး ဝန်ကြီး ဌာန နှင့် ယူနန် ပြည်နယ် တို့မှ အတူတကွ စီစဉ်ထားသည့် ဖျော်ဖြေတင်ဆက်မှုများ ပြုလုပ်ခဲ့ပြီး အခမ်းအနားသို့တက်ရောက်လာသူများက စင်တာမှ ပြသလျက် ရှိသည့် “တရုတ်ယဉ်ကျေးမှုစင်တာများ-တရုတ်က ကမ္ဘာနှင့် ချိတ်ဆက် ပေးသည့် တံတား” နှင့် “တရုတ် ခရီးသွား လုပ်ငန်း အကြောင်း” ဓာတ်ပုံပြပွဲ ၊ လက်ဖက်နှပ်သည့် အနုပညာ ၊ ဂျုံမုန့်ရုပ်လုံးသွင်း အနုပညာ ၊ တရုတ် စာရေးနည်း နှင့် တရုတ် ရိုးရာ ပန်းချီ ရေးဆွဲသည့် အနုပညာတို့ကို လှည့်လည် ကြည့်ရှုကြကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.