နေပြည်တော်၊ မေ ၂၄ ရက် (ဆင်ဟွာ) တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ကိုလေးစားလိုက်နာပြီး ပြည်တွင်းငြိမ်းချမ်းရေးကို ဆက်လက်အကောင်အထည်ဖော်နိုင်ရန် လိုအပ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ရာစုပင်လုံ ဒုတိယအစည်းအဝေး တွင်ပြောကြားခဲ့သည်။
ကုလသမဂ္ဂ၊ မေ ၂၄ ရက် (ဆင်ဟွာ) ကုလသမဂ္ဂ ကလေးများရန်ပုံငွေ အဖွဲ့ (UNICEF) ၏ သံတမန် ဖြစ်သည့် ဗြိတိန်မင်းသားကြီး ရော်ဂျာမိုး ကွယ်လွန်မှုကို မေလ ၂၃ ရက်နေ့က ကြေညာခဲ့ပြီး မင်းသားကြီးသည် ကလေးများအတွက် အတုယူလေးစားရသည့် ချန်ပီယံ တစ်ဦးဖြစ်ကြောင်း UNICEF အမှုဆောင်ညွှန်ကြားရေးမှူး...
နေပြည်တော်၊ မေ ၂၄ ရက် (ဆင်ဟွာ) ယခုကျင်းပသည့် ၂၁ ရာစု ပင်လုံဒုတိယအစည်းအဝေးသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ပါ ပြဌာန်းချက် နှင့်အညီ ဖြစ်ရုံမက နိုင်ငံရေးလိုအပ်ချက်များလည်း ကြီးကြီးမားမား ရှိနေကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ကိုယ်စား ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး က ပြောကြားခဲ့သည်။
ဂျီနီဗာ၊ မေ ၂၄ ရက် (ဆင်ဟွာ) အီသီယိုးပီးယားနိုင်ငံ ကျန်းမာရေးဝန်ကြီးနှင့် နိုင်ငံခြားရေးဝန်ကြီးဟောင်း အသက် ၅၂ နှစ်အရွယ် တက်ဒရို အဒမ်နွမ် (Tedros Adhanom) အား ကုလသမဂ္ဂ ကျန်းမာရေးလုပ်ငန်း တစ်ခုဖြစ်သော ကမ္ဘာ့ ကျန်းမာရေး အဖွဲ့အစည်း (WHO) ၏ ညွှန်ကြားရေးမှူးချုပ်သစ်အဖြစ် မေလ...
နေပြည်တော်၊ မေ ၂၄ ရက် (ဆင်ဟွာ) နိုင်ငံသူ နိုင်ငံသား အားလုံးက လိုလားနေကြသည့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတော် တည်ဆောက်နိုင်ရေးအတွက် သူမှား ကိုယ်မှား ပြောမနေကြဘဲ သူမနာ ကိုယ်မနာ သင်ပုန်းချေရေး မူဖြင့် ပြည်တွင်း ငြိမ်းချမ်းရေး ရရှိအောင် ကြိုးပမ်းကြရန် ပြည်သူ့လွှတ်တော်...