ဟောင်ကောင်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) ရုံးချုပ်ကို တရုတ်နိုင်ငံ ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) တွင် ထူထောင်ထားသော နိုင်ငံတကာ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ (IOMed) ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၂၀ ရက်တွင် ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားသို့ “နိုင်ငံတကာညှိနှိုင်းဖျန်ဖြေရေးအဖွဲ့(IOMed) ထူထောင်ခြင်းဆိုင်ရာ ပဋိညာဉ်စာချုပ်” အဖွဲ့ဝင်နိုင်ငံများ၊...
ပေကျင်း၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ၂၀၂၇ ခုနှစ် ဖီဘာ ယူ ၁၉ အမျိုးသမီး ဘတ်စကက်ဘောကမ္ဘာ့ဖလားပြိုင်ပွဲကို လက်ခံကျင်းပခွင့်ရရှိခဲ့ပြီး ယင်းမှာ ဖီဘာဘတ်စကတ်ဘောကမ္ဘာ့ဖလားပြိုင်ပွဲအား တရုတ်နိုင်ငံ၌ ပထမဆုံးအကြိမ်အဖြစ် အိမ်ရှင်နိုင်ငံအနေဖြင့် လက်ခံကျင်းပခြင်းဖြစ်ကြောင်း ဖီဘာက အောက်တိုဘာ ၂၀ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါပြိုင်ပွဲကို...
တိုကျို၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ ဝန်ကြီးချုပ်သစ်၊ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) ဥက္ကဋ္ဌ ဆာနာအဲ တာကာအိချိသည် အောက်တိုဘာ ၂၁ ရက် ညပိုင်းတွင် အစိုးရအဖွဲ့အသစ် ဖွဲ့စည်းခဲ့ရာ LDP ပါတီနှင့် ဂျပန်ဆန်းသစ်တီထွင်ရေးပါတီ (JIP) တို့ဖြင့် ဖွဲ့စည်းထားသည့် အာဏာရညွန့်ပေါင်းအဖွဲ့ တရားဝင်စတင်ခြင်း၏...
ကမ္ဘောဒီးယားနိုင်ငံ၌ယာဥ်တိုက်မှုနှင့် ရေနစ်မှုများကြောင့် ကလေးများ သေဆုံးရမှု တားဆီးကာကွယ်ခြင်း စည်းရုံးလှုံဆော်မှုများ စတင် ဖနွမ်းပင်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) နှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ ထောက်ပံ့ကူညီမှုဖြင့် ယာဥ်တိုက်မှုနှင့် ရေနစ်သေဆုံးမှုများကြောင့် ကလေးများအသက်သေဆုံးရမှုများမှ တားဆီးကာကွယ်ရေး အမျိုးသားအဆင့်စည်းရုံးလှုံ့ဆော်မှုနှစ်ခုကို အောက်တိုဘာ ၂၁ ရက်က ကမ္ဘောဒီးယားနိုင်ငံတွင်...
ပေကျင်း၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) ခိုင်မာသော အလုပ်အကိုင်စျေးကွက်နှင့် စီးပွားရေးတည်ငြိမ်မှုများကြောင့် ၂၀၂၅ ခုနှစ် ပထမသုံးလပတ်သုံးခုကာလအတွင်း တရုတ်နိုင်ငံ၏လူတစ်ဦးချင်းစီ၏ သုံးစွဲနိုင်သောဝင်ငွေ တည်ငြိမ်စွာတိုး တက်လာကြောင်း အောက်တိုဘာ ၂၀ ရက်၌ထုတ်ပြန်သည့် တရားဝင်အချက်အလက်များက ပြသခဲ့သည်။ ယခုနှစ်၏ ပထမကိုးလအတွင်း နိုင်ငံ၏ လူတစ်ဦးချင်းစီသုံးစွဲနိုင်သောဝင်ငွေသည် ယွမ် ၃၂,၅၀၉...