စင်ကာပူ၊ ဇွန် ၁၁ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်သည် စင်ကာပူနိုင်ငံ ဝန်ကြီးချုပ် လီရှန်လွန်းနှင့် ဇွန်လ ၁၁ ရက်တွင် တွေ့ဆုံခဲ့သည်။သမ္မတ ဒေါ်နယ်ထရမ့်သည် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်နှင့် ဇွန်လ ၁၂ ရက်နေ့၌ စင်ကာပူနိုင်ငံ ဆန်တိုဆာကျွန်းရှိ Capella ဟိုတယ်တွင်ထိပ်သီးအစည်းအဝေး...
ချင်းသောင်၊ ဇွန် ၁၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအရှေ့ပိုင်းချင်းသောင်တွင် ဇွန်လ ၉ ရက်နှင့် ၁ဝ ရက်နေ့တို့တွင် ကျင်းပခဲ့သည့် ၁၈ ကြိမ်မြောက်ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့အစည်း SCO အစည်းအဝေးများတွင် သတင်းရယူနိုင်ရန် ကမ္ဘာတစ်ဝန်းမှ သတင်းမီဒီယာများတက်ရောက်ခဲ့ကြသည်။ သတင်းမီဒီယာများအတွက် စီစဉ်ထားသည့် မီဒီယာစင်တာတွင် နောက်ဆုံးပေါ်နည်းပညာများဖြင့် သတင်းရယူရာတွင် အစဉ်ပြေချောမွေ့စေရန်စီစဉ်ပေးထားခဲ့ကြောင်း သိရသည်။(Xinhua)
စင်ကာပူ၊ ဇွန် ၁၁ ရက် (ဆင်ဟွာ) အမေရိကန်ပြည်ထောင်စုသမ္မတဒေါ်နယ်ထရန့် နှင့် အဖွဲ့သည် ဇွန်လ ၁၂ ရက်တွင် ကိုရီယား အလုပ်သမားပါတီ (WPK) ဥက္ကဋ္ဌနှင့် မြောက်ကိုရီးယားနိုင်ငံရေးရာ ကော်မရှင် ဥက္ကဋ္ဌ ကင်ဂျုံအန်နှင့်တွေ့ဆုံရန် ဇွန်လ ၁ဝရက်နေ့ ညပိုင်းက စင်ကာပူနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။ (Xinhua)
ရန်ကုန်၊ ဇွန် ၁၁ ရက် (ဆင်ဟွာ) ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများသည် တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေး အဖွဲ့ထံသို့ တက္ကသိုလ်ဝင်ခွင့်ကို ယခုလအတွင်း စတင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။တက္ကသိုလ်ဝင်ခွင့်လျှောက်ထားနိုင်ရန်အတွက် မိမိတို့ စာမေးပွဲဖြေဆိုခဲ့သော စာစစ်ဌာန ကြီးကြပ်ရေးမှူးများ (အခြေခံပညာ အထက်တန်းကျောင်းအုပ်ကြီးများ)ထံတွင် အမှတ်စာရင်း၊...
ရန်ကုန် ၊ ဇွန် ၁၁ ရက်(ဆင်ဟွာ) ကွမ်းခြံကုန်းမြို့နယ် မုတ်ကျွန်းဒေသတွင် ဓာတ်အားခွဲရုံတစ်ရုံကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် အတွင်း မူလ ရန်ပုံငွေဖြင့် ဆောက်လုပ်ရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ် ၊ စက်မှုလက်မှု နှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဒေါ်နီလာကျော်က ယနေ့ဇွန်...