ဟိုချီမင်း စီးတီး၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဋ္ဌာန က ဗီယက်နမ်နိုင်ငံ တွေ့ရှိခဲ့သော လေးဦးမြောက် ဇီကာဗိုင်းရပ်စ်ကူးစက်ခံရသူမှာ ဟိုချီမင်းမြို့၌ အလုပ်လုပ်ကိုင်နေသည့် ဂျာမနီနိုင်ငံသားတစ်ဦး ဖြစ်ကြောင်း စက်တင်ဘာ ၁၅ရက်ကပြောကြားခဲ့သည်။
ဝါရှင်တန် ၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ) အမေရိကန်သမ္မတရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း သတင်းမီဒီယာများအပေါ် အမေရိကန်နိုင်ငံသားများ၏ ယုံကြည်မှုမှာ ကျဆင်းလျက်ရှိကြောင်း ပြီးခဲ့သော ရက်သတ္တပတ်က ပြုလုပ်ခဲ့သည့် စစ်တမ်းများအရ သိရသည်။
ရန်ကုန် ၊ စက်တင်ဘာ ၁၆ ရက်(ဆင်ဟွာ) အစိုးရငွေတိုက်စာချုပ်များ (Government Treasury Bonds) များကို လစဉ် တတိယမြောက်ရက်သတ္တပတ်၏ အင်္ဂါနေ့တိုင်းတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် (ရန်ကုန်ဘဏ်ခွဲ) ၌ လေလံစနစ်ဖြင့်ရောင်းချမည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ထံမှ သိရသည်။
ဝါရှင်တန် ၊ စက်တင်ဘာ၁၆ ရက်(ဆင်ဟွာ) ဘက်ထရီပေါက်ကွဲခြင်း နှင့် မီးလောင်းကျွမ်းခြင်း များရှိနေကြောင်း တိုင်ကြားစာဒါဇင်ပေါင်းများစွာ လက်ခံရရှိပြီးနောက် အမေရိကန်အစိုးရသည် ဆမ်ဆောင်းကုမ္ပဏီထုတ် Galaxy Note 7 စမတ်ဖုန်းများကို စက်တင်ဘာလ ၁၅ ရက်တွင် တရားဝင်ပြန်လည် သိမ်းဆည်းနေပြီဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ) ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) ၏ အဋ္ဌမအကြိမ် အစည်းအဝေးကို နိုဝင်ဘာ တတိယပတ်တွင် ပြန်လည် ကျင်းပမည်ဖြစ်ကြောင်း အဆိုပါ အစည်းအဝေးထံမှ သိရသည်။