Connect with us

Education & Health

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်သူများ တက္ကသိုလ်ဝင်ခွင့်များ စတင်လျှောက်ထားနိုင်

တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းကြည့်နေသူများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၁၁ ရက် (ဆင်ဟွာ)

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများသည် တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေး အဖွဲ့ထံသို့ တက္ကသိုလ်ဝင်ခွင့်ကို ယခုလအတွင်း စတင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။တက္ကသိုလ်ဝင်ခွင့်လျှောက်ထားနိုင်ရန်အတွက် မိမိတို့ စာမေးပွဲဖြေဆိုခဲ့သော စာစစ်ဌာန ကြီးကြပ်ရေးမှူးများ (အခြေခံပညာ အထက်တန်းကျောင်းအုပ်ကြီးများ)ထံတွင် အမှတ်စာရင်း၊ အရည်အချင်း မှတ်တမ်းချုပ် ရမှတ်အဆင့်၊ တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ်နှင့် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရမည့် ပုံစံစာအိတ်ကို ဇွန် ၂၅ ရက်မှစ၍ ကိုယ်တိုင်ထုတ်ယူရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာအိတ်ကို ဇွန် ၂၆ ရက်မှ ဇူလိုင် ၂၀ ရက်အထိ (သတ်မှတ်ရက်အတွင်း) စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များ အပါအဝင် (ပိတ်ရက်မရှိ) မြစ်ကြီးနားတက္ကသိုလ်၊ လွိုင်ကော်တက္ကသိုလ်၊ ဘားအံတက္ကသိုလ်၊ ဟားခါးတက္ကသိုလ်၊ မုံရွာတက္ကသိုလ်၊ စစ်ကိုင်းတက္ကသိုလ်၊ ထားဝယ်တက္ကသိုလ်၊ တောင်ငူတက္ကသိုလ်၊ ပြည်တက္ကသိုလ်၊ ပဲခူးတက္ကသိုလ်၊ မကွေးတက္ကသိုလ်၊ ပခုက္ကူတက္ကသိုလ်၊ မန္တလေးအဝေးသင်တက္ကသိုလ်၊ မိတ္ထီလာတက္ကသိုလ်၊ မော်လမြိုင်တက္ကသိုလ်၊ စစ်တွေတက္ကသိုလ်၊ တောင်ကုတ် ဒီဂရီကောလိပ်၊ ရန်ကုန်အဝေးသင်တက္ကသိုလ်၊ တောင်ကြီးတက္ကသိုလ်၊ လားရှိုးတက္ကသိုလ်၊ ကျိုင်းတုံတက္ကသိုလ်၊ ပုသိမ်တက္ကသိုလ်နှင့် ဟသာၤတတက္ကသိုလ်တို့တွင် လျှောက်လွှာတင်သွင်းနိုင်သည်။

သတ်မှတ်ရက်ကျော်လွန်၍ လျှောက်ထားသူများသည် အဆင့်မြင့်ပညာဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ သထုံလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့သို့ ပေးပို့လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။ရန်ကုန်နည်းပညာတက္ကသိုလ်၊ မန္တလေးနည်းပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် (မန္တလေး)၊ သတင်းအချက်အလက် နည်းပညာတက္ကသိုလ်၊ မန္တလေးကွန်ပျူတာတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီးနယ်မြေ)၊ ရန်ကုန်စီးပွားရေးတက္ကသိုလ် (လှိုင်နယ်မြေ)၊ ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်နှင့် မန္တလေးနိုင်ငံခြားဘာသာ တက္ကသိုလ်ကျောင်းများသို့ တက်ရောက်လိုသူများသည် သက်ဆိုင်ရာတက္ကသိုလ်မှ နိုင်ငံပိုင်သတင်းစာများတွင် သီးခြားခေါ်ယူမည်ဖြစ်ပြီး အဆိုပါတက္ကသိုလ်များ၏ သတ်မှတ်လျှောက်လွှာပုံစံများဖြင့် တိုက်ရိုက်လျှောက်ထားရမည် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.