ချန်ဒူး ၊ ဇွန် ၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအနောက်တောင်ပိုင်း စီချွန်းပြည်နယ်တွင် ဇွန်လ ၅ ရက် နံနက်ပိုင်းက ယခုနှစ်အတွက် ပထမဆုံး ပန်ဒါဝက်ဝံ အထီး-အမ အမွှာနှစ်ကောင် မွေးဖွားခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဇွန် ၆ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချ ထားရေး ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ကော်မတီ၊ ဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ် ခန့်အပ်လိုက်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဂျေရုဆလင် ၊ ဇွန် ၅ ရက်(ဆင်ဟွာ) အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahuက အီရန်တပ်ဖွဲ့များ ဆီးရီးယားနယ်နိမိတ်အတွင်းမှ ထွက်ခွာသွားရန် တောင်းဆိုကြောင်း အစ္စရေးဝန်ကြီးချုပ်ရုံးမှ ဇွန် ၅ ရက်တွင် ထုတ်ပြန်ကြေညာ ခဲ့သည်။
ဂွာတီမာလာစီးတီး ၊ ဇွန် ၅ ရက်(ဆင်ဟွာ) ဂွာတီမာလာနိုင်ငံ မြို့တော်အနီး၌ ဖြစ်ပွားခဲ့သော မီးတောင်ပေါက်ကွဲမှုတွင် သေဆုံးသူ ဦးရေ ၆၅ ဦးထိ မြင့်တက်သွားပြီဖြစ်ကြောင်း ဇွန် ၅ ရက်တွင် ထုတ်ပြန်သည့်သတင်းများအရ သိရသည်။(Xinhua)
တူနီးရှား ၊ ဇွန် ၅ ရက်(ဆင်ဟွာ) ဇွန်လ ၃ရက်က Kerkennah ကျွန်းစုအနီး ပင်လယ်ပြင်တွင် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများ လိုက်ပါလာသော သင်္ဘောတစ်စီးတိမ်းမှောက်မှုကြောင့် သေဆုံးသူဦးရေ ၅၈ ဦး အထိ တိုးမြင့်လာပြီ ဖြစ်ကြောင်း၊ သေဆုံးသူများအနက် ၃၁ ဦးမှာ တူနီးရှားနိုင်ငံသားများဖြစ်ကြောင်း တူနီးရှားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက...