Connect with us

Videos

တူနီးရှားတွင် သင်္ဘောတိမ်းမှောက်မှုကြောင့် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ၅ဝကျော် သေဆုံး

တူနီးရှား ၊ ဇွန် ၅ ရက်(ဆင်ဟွာ)

ဇွန်လ ၃ရက်က Kerkennah ကျွန်းစုအနီး ပင်လယ်ပြင်တွင် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများ လိုက်ပါလာသော သင်္ဘောတစ်စီးတိမ်းမှောက်မှုကြောင့် သေဆုံးသူဦးရေ ၅၈ ဦး အထိ တိုးမြင့်လာပြီ ဖြစ်ကြောင်း၊ သေဆုံးသူများအနက် ၃၁ ဦးမှာ တူနီးရှားနိုင်ငံသားများဖြစ်ကြောင်း တူနီးရှားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက ဇွန်လ ၄ ရက်တွင် ပြောကြားခဲ့ သည်။

ဆက်လက်၍ ၎င်းက တူနီးရှားနိုင်ငံသား အယောက် ၆၀ အပါအဝင် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ၆၈ ဦးအား ကူညီကယ်ဆယ်ခဲ့ပြီး ယခုတစ်ကြိမ် တရားမဝင်ရွှေ့ပြောင်းနေထိုင်ရန် ဦးဆောင်စီစဉ် ပေးသူ ၈ ဦးအား ဖမ်းဆီး စစ်ဆေးနေဆဲဖြစ်ကြောင်း ဆိုသည်။

တူနီးရှားနိုင်ငံသည် အာဖရိကတိုက် မြောက်ဘက်စွန်းတွင် တည်ရှိပြီး ဥရောပနိုင်ငံများနှင့် ပင်လယ်ခြားပြီးတည်ရှိသည်။ ၂၀၁၈ ခုနှစ် မေလ လလယ်ပိုင်းမှစ၍ ယနေ့အထိ တူနီးရှားလုံခြုံရေး ဌာနက ပင်လယ်ကိုဖြတ်ပြီး တရားမဝင်ရွှေ့ပြောင်းနေထိုင်ရန်ကြိုးစားသူ အယောက် ၉၀၀ ကို တားဆီးပြီးဖြစ်ကြောင်း တူနီးရှားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ၏ ပြောကြားချက်အရ သိရှိရ သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.