ရှီးအန်း၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ဆန်ရှီးပြည်နယ်၏မြို့တော် ရှီးအန်းတွင် အောက်တိုဘာ ၁၉ ရက်၌ ပြုလုပ်ခဲ့သည့် မာရသွန်ပြိုင်ပွဲတွင် တရုတ်နိုင်ငံမှ ဝမ်ဟုန်ဝေက နှစ်နာရီ၊ ၁၃ မိနစ်၊ ၂၅ စက္ကန့်ဖြင့် ပန်းဝင်ကာ အနိုင်ရခဲ့သည်။
ပေကျင်း၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) ရူပဗေဒဆိုင်ရာ နိုဘယ်လ်ဆုရှင်၊ တရုတ်သိပ္ပံအကယ်ဒမီ ပညာရှင်၊ နာမည်ကျော် ရူပဗေဒပညာရှင် ယန်ကျန့်နင် (Chen Ning Yang) သည် အောက်တိုဘာ ၁၈ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကွယ်လွန်သွားခဲ့ပြီး ကွယ်လွန်စဉ်တွင် အသက် ၁၀၃ နှစ်...
ဝူးလူမုချီ၊ အောက်တို ၁၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၊ ရှင်းကျန်း(ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ၂၀၂၅ ခုနှစ် ပထမသုံးလပတ်ကာလ သုံးခုအတွင်း ဒေသတွင်းပြင်ပမှ ရင်းနှီးမြုပ်နှံမှု ယွမ် ၈၄၇.၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၁၉.၅ ဘီလီယံခန့်) ရှိခဲ့ပြီး ယမန်နှစ်အလားတူကာလထက် ၁၈.၂ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များ၏ ပြောကြားမှုအရ...
ပေကျင်း၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအနေဖြင့် ၁၄ ကြိမ်မြောက် ငါးနှစ်စီမံကိန်းကာလ (၂၀၂၁-၂၀၂၅) အတွင်း ပြည်သူဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေး ချဉ်းကပ်မှုနည်းလမ်းကို အစဉ်တစိုက် လက်ကိုင်ပြုခဲ့ကာ ပြည်သူများ၏ လူမှုဘဝဖူလုံရေးအတွက် လက်တွေ့ကျသော အစီအမံများကို ကျင့်သုံးခဲ့သည်ဟု တရုတ်နိုင်ငံ အမျိုးသားစာရင်းအင်းဗျူရိုမှ တာဝန်ရှိသူ ဝမ်ကွမ့်ဟွာက ပြောကြားခဲ့သည်။
ပေကျင်း၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဂျပန်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း တိုမီအီချိ မူရာယာမ ကွယ်လွန်မှုအတွက် ဝမ်းနည်ကြေကွဲကြောင်း၊ မိသားစုဝင်များထံ စိတ်ရင်းအမှန်ဖြင့် နှစ်သိမ့်စကားပို့သကြောင်း ဖော်ပြထားသည့် ဝမ်းနည်းကြောင်း သဝဏ်လွှာကို အောက်တိုဘာ ၁၉ ရက်တွင် ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှိဂဲရု...