ကွာလာလမ်ပူ ၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ) မကြာသေးမီက စင်ကာပူနိုင်ငံသို့သွားရောက်လည်ပတ်ခဲ့သည့် အမျိုးသမီးတစ်ဦးထံမှ ဇီကာဗိုင်းရပ်စ် ရောဂါကို ပထမဆုံး တွေ့ရှိကြောင်း မလေးရှားနိုင်ငံအစိုးရတာဝန်ရှိသူများက စက်တင်ဘာလ ၁ ရက်တွင် အတည်ပြုပြောကြားသည်။
မဒါဂတ်စကာ၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ) မဒါဂတ်စကာ အစိုးရက ၂၀၁၆ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့၌ နေကြတ်မှုှ ဖြစ်ပေါ်မည်ဟု ခန့်မှန်းရ၍ ကျန်းမာရေး ထိခိုက်မှုများ ရှိလာနိုင်သောကြောင့် ယင်းနေ့အား အားလပ်ရက်အဖြစ် အစိုးရကောင်စီက သြဂုတ် ၃၁ တွင် ထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ) မူဆယ်မြို့တွင် ငွေကျပ်သိန်းပေါင်း ၉,၇၁၇ သိန်းကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားနှင့် ဘိန်းဖြူဘလောက်တုံးများ ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ) လက်နက်ကိုင် ပဋိပက္ခများကို သက်ဆိုင်ရာအဖွဲ့အစည်းများ ဂုဏ်သိက္ခာရှိရှိ ချုပ်ငြိမ်းပြီး စည်းလုံးညီညွှတ်သော အေးချမ်းသာယာသည့် ပြည်ထောင်စုတစ်ခု တည်ဆောက်ရန်လိုအပ်ကြောင်း ယနေ့ကျင်းပသော ၂၁ရာစု ပင်လုံညီလာခံ ဒုတိယနေ့၏ သဘာပတိအဖြစ်တာဝန်ယူဆောင်ရွက်သော ကရင်အမျိုးသား အစည်းအရုံးမှ အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းက အဖွင့်မိန့်ခွန်း၌ ထည့်သွင်းပြောကြားသည်။
ဒူဘိုင်း ၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ) အာရပ်စော်ဘွားများပြည်ထောင်စု(UAE) ၊ ဒူဘိုင်းမြို့၌ ကမ္ဘာ့အကြီးဆုံး မိသားစုအားလပ်ရက် အနားယူစရာ ရုံတွင်းပန်းခြံ (IMG) ကို သြဂုတ်လ ၃၁ ရက်တွင် ဒူဘိုင်းစော်ဘွား ရှိတ်မိုဟာမက်ဘင်ရက်စ်ရှိ အယ်မက်ကိုတမ်(Sheikh Mohammed bin Rashid Al-Makotum) က...