Connect with us

Science & Technology

အော်တိုတယ်လီဖုန်းလိုင်းနှင့် မိုဘိုင်းတယ်လီဖုန်းလိုင်းများ အကြား သက်သာသော ခေါ်ဆိုနှုန်းထားများအတွက် စီစဉ်ဆောင်ရွက်လျက်ရှိ

ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ မှ လျှပ်စစ်၊စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဒေါ်နီလာကျော်အားတွေ့ရစဉ် (ဓာတ်ပုံ--YRG)

ရန်ကုန်၊ မေ ၂၅ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ အော်တိုတယ်လီဖုန်းလိုင်းနှင့် မိုဘိုင်းတယ်လီဖုန်းလိုင်းများ အကြား သက်သာသော ခေါ်ဆိုနှုန်းထားများအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ မှ လျှပ်စစ်၊စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဒေါ်နီလာကျော် က ပြောသည်။

ရန်ကုန်တိုင်းလွှတ်တော် ဒုတိယအကြိမ် ဆဋ္ဌမပုံမှန်အစည်းအဝေး၌ ဒဂုံမြို့နယ်၊မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ၏ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ကိုယ်ပိုင်အမည်ပေါက် ကြိုးဖုန်းအလုံးရေမည်မျှရှိပြီး ဆက်လက်သုံးစွဲနေသော ကြိုးဖုန်းအလုံးအရေအတွက် မည်မျှကျန်ရှိသည်ကို သိရှိလိုပါကြောင်းနှင့် အော်တိုကြိုးဖုန်းများ၏ ဆက်သွယ်ရေးကြိုးလိုင်းများအား ရာသီမရွေး ပြတ်တောက်မှုမရှိစေရန် စီမံဆောင်ရွက်ပေးသည့် အနေအထားနှင့် ဟန်းဖုန်းများနည်းတူ ဝန်ဆောင်မှုကောင်းများ ဖြစ်သော ဖုန်းခေါ်ဆိုခများ လျော့ချခြင်း၊ ဆက်သွယ်မှု ပြတ်တောက်ခဲ့သည်ရှိသော် အမြန်ဆုံးအဆင်ပြေအောင် ဆောင်ရွက်ပေးမည့် စီမံမှုများရှိ၊မရှိ ကို သိရှိလိုပါကြောင်း မေးမြန်းရာ လျှပ်စစ်၊စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့သည်။

“မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းဟာ အော်တိုကြိုးတယ်လီဖုန်းများ ပြုပြင်ထိန်းသိမ်းခြင်း၊ တယ်လီဖုန်းလိုင်းပျက်များ လျော့နည်းစေရန် အမြန်ဆုံးပြုပြင်ပေးနိုင်ရန်နှင့် ဝန်ဆောင်မှု ပိုမိုကောင်းမွန်စေရန် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို နှစ်စဉ် စီမံချက်များချမှတ်၍ မြန်မာဆက်သွယ်ရေးလုပ်ငန်းမှ ဝန်ထမ်းများက အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါတယ်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် အော်တိုတယ်လီဖုန်းလိုင်းဝန်ဆောင်မှု ပိုမိုကောင်းမွန်စေရန် တယ်လီဖုန်းလိုင်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် ပြင်ပပုဂ္ဂလိကလုပ်ငန်းရှင် Service Provider များအား ၂၀၁၄ခုနှစ်၊ မတ်လမှစ၍ ဝန်ဆောင်မှုပေးဆောင်ရွက်လျက်ရှိရာ ယခုအခါမှာ နေပြည်တော်၊ရန်ကုန်၊ မန ္တလေးတိုင်းဒေသကြီးများရှိ Exchange Area (၁၂)ခုတွင် လုပ်ငန်းအပ်နှံ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဆက်လက်၍လည်း Exchange Area များတိုးချဲ့၍ ပြင်ပ ပုဂ္ဂလိကလုပ်ငန်းရှင် Service Provider များအား လုပ်ငန်းအပ်နှံ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါတယ်။ ထို့အပြင် အော်တိုတယ်လီဖုန်းသုံးစွဲသူများ ယခုထက်ပိုမိုအဆင်ပြေစွာ အသုံးပြုနိုင်ရန်အတွက် လက်ရှိ Auto Exchange များအား Voice သာမက Data ပါ အသုံးပြုနိုင်သော ပိုမိုခေတ်မီကောင်းမွန်သည့် နည်းစနစ် များဖြင့် အဆင့်မြှင့်တင် အစားထိုးလဲလှယ်ပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၁၉ခုနှစ်၊ ဇွန်လကုန်ခန့်တွင် Auto Exchange အားလုံးဆောင်ရွက်ပြီးစီးမည် ဖြစ်ပါတယ်။မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ အော်တိုတယ်လီဖုန်းလိုင်းနှင့် Mobile တယ်လီဖုန်းလိုင်းများ အကြား သက်သာသော ခေါ်ဆိုနှုန်းထားများအတွက်လည်း စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။” ဟု ဝန်ကြီးက ပြောကြားခဲ့သည်။

ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အော်တိုတယ်လီဖုန်း၊ ကြိုးဖုန်းနှင့် Public Switch Telephone Network မှာ ၂၅၈,၅၀၇ လိုင်းရှိပြီး တပ်ဆင်သုံးစွဲနေသော တယ်လီဖုန်းလိုင်းအရေအတွက်မှာ ၂၀၅,၉၁၃ ရှိ၍ ထပ်မံတပ်ဆင်သုံးစွဲနိုင်သည့် အော်တိုတယ်လီဖုန်းလိုင်း ၅၁,၄၅၈ လက်ကျန်ရှိကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117