ရန်ကုန်၊ ဇွန်၂၆ရက် (ဆင်ဟွာ) ကရင်ပြည်နယ်တွင် ၂၀၁၅-၂၀၁၆ ခုနှစ်အတွင်း မူးယစ်ဆေးဝါးအမှုပေါင်း (၂၉၅ )မှု ဖမ်းဆီးနိုင်ခဲ့ကြောင်း ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည့် ၂၉ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရား မဝင်ရောင်း ဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ပြောကြားချက်အရသိရသည်။
ရန်ကုန်၊ ဇွန်၂၆ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့အထွက် ၇ မိုင်ခန့်အကွာ၊ ရေယားကျေးရွာနှင့် ရေယောင်း မကျေးရွာအကြား ပြည်ထောင်စုလမ်းမကြီး၌ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယာဉ်များအား ရှောင်တခင်စစ်ဆေးစဉ် ကျပ်သိန်းပေါင်း လေးသောင်းခန့်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။
ပေကျင်း ၊ ဇွန် ၂၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ၏ အကောက်ခွန်ဌာနသည် ၂ဝ၁၄ ခုနှစ်မှစတင်ကာ မူးယစ်ဆေးဝါးမှောင်ခိုမှုမှတဆင့် မူးယစ်ဆေး ၁၅.၆ တန်ကို ဖမ်းဆီးရမိခဲ့ကြောင်း အကောက်ခွန်အထွေထွေစီမံခန့်ခွဲရေး(GAC) ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဖနွမ်ပင် ၊ ဇွန် ၂၆ ရက်(ဆင်ဟွာ) ကမ္ဘောဒီးယားအစိုးရသည် ပြီးခဲ့သောနှစ်က ဖမ်းဆီးရမိထားသော ဆေးခြောက် ၊ မက်ဖက်ဖာတမင်း စိတ်ကြွဆေးပြား နှင့် ဘိန်းဖြူ စသည့် မူးယစ်ဆေးဝါး အလေးချိန် ၁.၅၆ တန်ကို ဇွန်လ ၂၆ ရက်တွင် မီးရှို့ဖျက်ဆီးပစ်ခဲ့ကြောင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ခေါင်းဆောင် က ထုတ်ဖော်ပြောဆိုလိုက်သည်။
ရန်ကုန်၊ ဇွန် ၂၆ ရက် (ဆင်ဟွာ)မြန်မာတစ်နိုင်ငံလုံးအနေဖြင့် မူးယစ်ဆေးဝါး အမေရိကန် ဒေါ်လာ ၅၆သန်းကျော် တန်ဖိုးကို ယနေ့ ကျရောက်သော (၂၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် မီးရှို့ဖျက်ဆီးလိုက်ကြောင်းမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီး ကာကွယ်ရေး အဖွဲ့...