Connect with us

Politics, Law & Military

ရန်ကုန်မြစ်အတွင်း ရေယာဉ်၊ တွဲယာဉ်ဟောင်းများ ကမ်းထိုးရပ်နားထားခြင်းကို ဖယ်ရှားရှင်းလင်း ရန် ညွှန်ကြားဆောင်ရွက်လျက်ရှိ

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကျင်းပနေစဉ် (ဓာတ်ပုံ-- ရန်ကုန်လွှတ်တော်)

ရန်ကုန်၊ မေ ၂၄ ရက် (ဆင်ဟွာ)

ရန်ကုန်မြစ်အတွင်း ရေယာဉ်၊တွဲယာဉ်ဟောင်းများ ကမ်းထိုးရပ်နားထားခြင်းကို ဖယ်ရှားရှင်း လင်းဆောင်ရွက်ရန်အတွက် အဆိုပါယာဉ်များကို လေလံအောင်မြင်သူများအား ရေယာဉ်၊တွဲယာဉ်ဟောင်းများ ဆောလျင်စွာ ဖျက်သိမ်းသယ်ဆောင်နိုင်ရေး အကြောင်းကြားဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်၊စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။

ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယအကြိမ်ပုံမှန်အစည်း အဝေး တွင်ပန်းဘဲတန်းမြို့နယ်၊မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦး၏ ရန်ကုန်တိုင်းဒေ သကြီးအစိုးရ စီမံခန့်ခွဲခွင့်ရှိသည့် ရန်ကုန်မြစ်ကြောင်းတလျှောက်၊သမ္မတကမ်းခြေတလျှောက်ရှိ ပြည်တွင်း ရေကြောင်းပို့ဆောင်ရေး ကုန်ပို့စက်ယာဉ်၊တွဲယာဉ်အဟောင်းများ၊ဒလ မှော်စက်ဝန်းကျင်ရှိ ပြည်တွင်းရေး ကြောင်းပို့ဆောင်ရေး မြစ်ဝဌာနခွဲရှိ စက်ရေယာဉ်အဟောင်းများ၊ စက်ရှိ၊ စက်မဲ့တွဲရေယာဉ်များအား ရှင်းလင်း အောင် မည်သို့စီမံဆောင်ရွက်ထားသည်ကို သိလိုကြောင်း မေးခွန်းနှင့်ပတ်သက်ပြီး ဝန်ကြီးက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“လေလံအောင် ရေယာဉ်၊တွဲယာဉ်များမှာ များသောအားဖြင့် ကမ်းထိုးထားရာတွင် ဖျက်သိမ်း သယ်ယူ တဲ့အခါမှာ ရေယာဉ်၊တွဲယာဉ်ဟောင်းများအတွင်း ဝင်နေတဲ့နှုန်းများအား ရေတက်၊ ရေကျ ချိန်စောင့် ဆိုင်းရှင်းလင်းရာမှာ ဖျက်သိမ်းမယ့်အခါ ရေကျကို စောင့်ဆိုင်းဖျက်သိမ်းရခြင်းများကြောင့်နှောင့်နှေး မှုများရှိခဲ့ ပါတယ်။ ရန်ကုန်မြစ်အတွင်း ရေယာဉ်၊တွဲယာဉ်ဟောင်းများ ကမ်းထိုးရပ်နားထားခြင်း ဖယ်ရှားရှင်းလင်း ဆောင်ရွက်ရန် လေလံအောင်မြင်သူများကို ရေယာဉ်၊တွဲယာဉ်ဟောင်းများ ဆောလျင်စွာဖျက်သိမ်း သယ် ဆောင်နိုင်ရေး အကြောင်းကြားဆောင်ရွက်လျက်ရှိပြီး ကျန်ရှိတဲ့ ရေယာဉ်၊တွဲယာဉ်ဟောင်း (၁၅) စီး လေလံ တင် ထုခွဲရောင်းချနိုင်ရေး ဆက်လက် ဆောင်ရွက်ရှိကြောင်း ဖြေကြားအပ်ပါတယ်”ဟု ဝန်ကြီးကပြော သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း၊ ရန်ကုန်မြစ်ကြောင်းတစ်လျှောက် ခရီးသွားပြည်သူ များ အန ္တရာယ်ကင်း ရှင်းစေရေးနှင့် မြို့တော်အင်္ဂါရပ်နှင့် ညီညွှတ်စေရေးအတွက် ရန်ကုန်မြစ်ကြောင်းတစ်လျှောက် ကမ်းထိုး ရပ်နား ထားသော ရေယာဉ်၊ တွဲယာဉ်များနှင့် ကာလကြာရှည်စွာရပ်တန့်ထားသော အသုံးမတည့်သည့် ရေယာဉ်များရှင်းလင်း ဖယ်ရှားပေးရေး ကိစ္စနှင့် စပ်လျဉ်းပြီး ၂၈.၂.၂၀၁၈ ရက် နေ့နောက်ဆုံးထားပြီး စီစဉ်ဆောင်ရွက်ကြရန် တိုင်းဒေသကြီး အစိုးရအဖွဲ့ ညွှန်ကြားချက်အရ ရန်ကုန်တိုင်းဒေသကြီး YRTA မှ ညွှန်ကြားချက်ထုတ်ပြန်ခဲ့ကြောင်း ယင်းနှင့်စပ်လျဉ်းပြီး ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ ရန်ကုန်မြစ်အတွင်းရှိ ဌာနပိုင် ရေယာဉ် နှင့်တွဲယာဉ် ဟောင်း ၆၈ စီးရှိသည့် အနက် အချို့ ယာဉ်များကို အိတ်ဖွင့် တင်ဒါ စနစ်ဖြင့် လေလံဖြင့်ထု ခွဲရောင်းချခဲ့ရာ လေလံအောင်မြင်သည့်ကုမ္ပဏီမှ ရေယာဉ်၊တွဲယာဉ်ဟောင်းကို သယ်ယူရှင်းလင်းလျက်ရှိရာ လက်ရှိတွင် ရေယာဉ်၊တွဲယာဉ်ဟောင်း (၂၀)စီးဖျက်သိမ်းရန် ကျန်ရှိနေပြီး လေလံတင်ရောင်းချရန်အတွက်လည်း ရေ ယာဉ်(၁၅)စီး ကျန်ရှိနေသေးကြောင်း ဝန်ကြီးကဆက်လက်ပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.