ရန်ကုန်၊ မေ ၂၄ ရက် (ဆင်ဟွာ) ရန်ကုန်မြစ်အတွင်း ရေယာဉ်၊တွဲယာဉ်ဟောင်းများ ကမ်းထိုးရပ်နားထားခြင်းကို ဖယ်ရှားရှင်း လင်းဆောင်ရွက်ရန်အတွက် အဆိုပါယာဉ်များကို လေလံအောင်မြင်သူများအား ရေယာဉ်၊တွဲယာဉ်ဟောင်းများ ဆောလျင်စွာ ဖျက်သိမ်းသယ်ဆောင်နိုင်ရေး အကြောင်းကြားဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်၊စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။
နယူးယောက်၊ မေ ၂၄ ရက်(ဆင်ဟွာ) အမေရိကန်ပြည်ထောင်စု နယူးယောက်တွင် ၂ဝ၁၈ခုနှစ် နယူးယောက်ရေကြောင်းပြပွဲတစ်ရပ် ကျင်းပခဲ့သည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၃ဝ ကတည်းကကျင်းပခဲ့သည့် ထိုပြပွဲတွင် သင်္ဘောအမျိုးအစားစုံကိုပြသခဲ့ပြီး ၎င်းမှာ နယူးယောက်မြို့၏ ရေကြောင်းပြပွဲများထဲတွင် နှစ်ပေါင်းအရှည်ကြာဆုံးပြပွဲတစ်ခုလည်းဖြစ်သည်။(Xinhua)
ဝုန်ဆန်၊ မေ၂၄ ရက်(ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံသည် နျူကလီးယားစမ်းသပ်မှု ခြောက်ကြိမ်ပြုလုပ်ခဲ့သည့် Punggye-ri မြေအောက် နျူကလီးယားစမ်းသပ်နေရာအား မေလ ၂၃ ရက်မှ ၂၅ ရက်အတွင်း ဖျက်သိမ်းရန် စီစဉ်ထားပြီး သက်သေအဖြစ် တရုတ်နိုင်ငံ၊ ရုရှားနိုင်ငံ၊ အမေရိကန်နိုင်ငံ၊ ဗြိတိန်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံမှ သတင်းထောက်များအား ဖိတ်ကြားခဲ့သည်။ မေလ ၂၂...
ရန်ကုန်၊ မေ ၂၄ ရက် (ဆင်ဟွာ) နီပေါနိုင်ငံသို့ ပဲများ တိုက်ရိုက်ကုန်သွယ်နိုင်ရန် စီစဉ်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။
ရန်ကုန်၊ မေ ၂၄ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ရန်ကင်းမြို့နယ်၊အမှတ်(၄)ရပ်ကွက်၊ကံဘဲ့လမ်းပေါ်ရှိ ကလေးကစားကွင်းမြေနေရာအား ယင်းမြေကွက် ပေါ်ရှိ အဆောက်အဦကို ရှင်းလင်းပြီး မြေယာအားပြန်လည်ဖော်ထုတ်မှု ပြုလုပ်ချိန်တွင် အားကစားကွင်းအဖြစ် စီစဉ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။