ဟူစတန်၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ အာကန်ဆက်စ်ပြည်နယ် Little Rock မြို့ရှိ နိုက်ကလပ်တစ်ခုတွင် ဇူလိုင်၁ ရက် နံနက်အစောပိုင်းက သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လူ ၂၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မက္ကဆီကိုစီးတီး ၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ) မက္ကဆီကိုနိုင်ငံမြောက်ပိုင်း Sinaloa ပြည်နယ်တွင် သောကြာနေ့ညနေပိုင်းက ရဲတပ်ဖွဲ့ဝင်များ နှင့် လက်နက်ကိုင် ဒုစရိုက်ဂိုဏ်းသားများအကြား ပစ်ခတ်မှုဖြစ်ပွားရာ ဒုစရိုက်ဂိုဏ်းသား ၁၉ ဦးသေဆုံးပြီး ရဲတပ်ဖွဲ့ဝင် ၅ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ ဇူလိုင် ၂ ရက်(ဆင်ဟွာ) အင်းယားကန် အတွင်း ဇူလိုင် ၁ ရက်တွင် ရေနစ်ပျောက်ဆုံးခဲ့သူ၏ ရုပ်အလောင်းအား ယနေ့ဇူလိုင် ၂ ရက် နံနက်ပိုင်းတွင် ရှာဖွေ တွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံ မီးတပ် ဦးစီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။
ရန်ကုန် ၊ ဇူလိုင် ၂ ရက်(ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့ ဇီးဖြူကုန်းရပ်ကွက် မြေနိမ့်ပိုင်းနှင့် မြို့မရပ်ကွက် ဈေးလမ်းတစ်လျှောက်တွင် မိုးများအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေများ ဝင်ရောက်နေမှုကြောင့် ဒေသခံပြည်သူများနှင့် ကျွဲ၊ နွားတိရစ္ဆာန်များ ဘေးလွတ်ရာသို့ အချိန်မီ ရွှေ့ပြောင်းလျက် ရှိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်သည်။