ရန်ကုန်၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောဒေသတွင် အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် ဒေသခံတိုင်းရင်းသား ပြည်သူများ နယ်မြေတည်ငြိမ်အေးချမ်းလာသဖြင့် မူလနေရပ်များသို့ ပြန်လည်ပြောင်းရွှေ့ ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီ မှ ARSA အစွန်းရောက်အကြမ်းဖက်သမားသတင်း ၄၇ ထဲတွင် ထည့်သွင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံး မှ ယနေ့ နေ့စွဲဖြင့် အမိန့်ကြော်ငြာစာထုတ်ပြန်လိုက်သည်။
နေပြည်တော်၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ) နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု (FDI) ယခင်ထက် ပိုမိုများပြားလာသည့် မြန်မာနိုင်ငံအနေဖြင့် လာမည့် ၂၀၁၈ ခုနှစ်မှစပြီး နှစ်စဉ် FDI အမေရိကန်ဒေါ်လာ ခြောက်ဘီလျံ ရရှိရန် မျှော်မှန်းထား သည်ဟု စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီးဌာန ဒုတိယ...
ရန်ကုန်၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ) ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသအတွင်းရှိ ရှေးဟောင်း အဆောက်အအုံများ၏ စုစုပေါင်းအရေအတွက်မှာ ၃၈၂၂ ခု ဖြစ်ကြောင်း ၊အဆိုပါ စာရင်းသည် ရှေးဟောင်း သုတေသန၊အမျိုးသားပြတိုက်ဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဗိသုကာအသင်းတို့က ကောက်ယူထားသော ဘုရားအရေ အတွက်ပြစာရင်းဖြစ်ကြောင်း မြန်မာနိုင်ငံဗိသုကာအသင်း၏ သတင်းစာရှင်းလင်းပွဲမှ သိရသည်။ မြန်မာနိုင်ငံဗိသုကာအသင်းအနေဖြင့် ပုဂံဒေသ...
ကူမင်း၊ စက်တင်ဘာ ၁၂ ရက်(ဆင်ဟွာ) ကူမင်းသိပ္ပံနှင့်နည်းပညာတက္ကသိုလ်မှ ကျောင်းသားအဖွဲ့တစ်ဖွဲ့က အမြင်အာရုံချို့ယွင်းသူများအတွက် အထောက်အကူဖြစ်စေမည့်smart helmet တစ်မျိုးကို ဒီဇိုင်းထုတ်လုပ်တီထွင်ခဲ့ကြောင်းသိရသည်။ Eye See ဟု အမည်ပေးထားသည့် အဆိုပါ smart helmet သည် စာအုပ်များကိုအသံထွက်ဖတ်ပြပေးနိုင်ပြီး အာရုံခံစနစ်ပါဝင်သောကြောင့် ပတ်ဝန်းကျင်ရှိ အရာဝတ္တုများကို အာရုံကောင်းစွာခံကာ သတိပေးအချက်ပြမှု ပြုလုပ်နိုင်ပြီး...