Connect with us

Asia

မြောက်ကိုရီးယားက နျူကလီးယားစမ်းသပ်သည့်နေရာအားဖျက်သိမ်းမည်ဖြစ်ကြောင်း ကြေညာ

မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်းအားတွေ့ရစဉ် (ဆင်ဟွာ)

ပြုံယမ်း၊ မေ ၁၃ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံ (DPRK) က ၎င်း၏ နျူကလီးယားစမ်းသပ်သည့်နေရာအား ဖျက်သိမ်းမည့် အခမ်းအနားကို မေ ၂၃ရက် မှ ၂၅ရက် အတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း နိုင်ငံပိုင် သတင်းဌာန က မေ ၁၂ရက် တွင် ပြောကြားခဲ့သည်။

၇ကြိမ်မြောက် ကိုရီးယားအလုပ်သမားပါတီ ၏ ၃ ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေး မှ ထွက်ပေါ်လာသော ဆုံးဖြတ်ချက်အရ နျူကလီးယား လက်နက် ဌာန နှင့် ၎င်းနှင့် ဆက်စပ်နေသော အခြားဌာနများသည် မြောက်ကိုရီးယားနိုင်ငံ ၏ မြောက်ပိုင်းနျူကလီးယားစမ်းသပ်မှု နေရာအား ဖျက်သိမ်းရန် နည်းပညာပိုင်းဆိုင်ရာဆောင်ရွက်မှုများ ပြုလုပ်နေကာ မြောက်ကိုရီးယားနိုင်ငံသည် နျူးကလီးယားစမ်းသပ်မှုကို ရှေ့ဆက်လုပ်ဆောင်ခြင်းမရှိကြောင်း ပွင့်လင်းမြင်သာမှု ရှိစေရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း နိုင်ငံပိုင် Korean Central News Agency က ဖော်ပြခဲ့သော နိုင်ငံခြားရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထုတ်ပြန်ချက်၌ နျူကလီးယားစမ်းသပ်မှုနေရာအား ဖျက်သိမ်းမည့် အခမ်းအနားအား ရာသီဥတုအခြေအနေအပေါ်မူတည်၍ မေလ ၂၃ရက်မှ ၂၅ရက်အတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

မြောက်ကိုရီးယားက မြေပြင်စမ်းသပ်မှု ၏ တူးမြောင်းများအားလုံးကို ဖောက်ခွဲပစ်ခြင်း၊ ဝင်ပေါက်များအား လုံးဝပိတ်ပစ်ခြင်း၊ လေ့လာစောင့်ကြည့်ရေးအဆောက်အအုံများ၊ သုတေသနအဆောက်အအုံများ နှင့် လုံခြုံရေးအဆောက်အအုံအားလုံးကို ဖယ်ရှားပစ်ခြင်း တို့ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နျူကလီးယားစမ်းသပ်မှုနေရာအား ဖျက်သိမ်းခြင်းနှင့် အတူ အစောင့်တပ်သားများ နှင့် သုတေသနပညာရှင်များ ကိုလည်း ဆုတ်ခွာစေပြီး စမ်းသပ်မှုနေရာပတ်ဝန်းကျင်ကို လုံးဝပိတ်သိမ်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

ပြည်ပသတင်းထောက်များကို သတင်းယူခွင့်ပေးသွားမည်ဖြစ်ပြီး ပွင့်လင်းမြင်သာမှုရှိကြောင်း ပြသသွားမည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန က ပြောကြားခဲ့သည်။ (Xinhua)