ရန်ကုန်၊ မေ ၁၀ ရက် (ဆင်ဟွာ) ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) ၏ (၁၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ အကောင်အထည်ဖော်မှု အခြေအနေများ ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
ဂျေရုစလင် ၊ မေ ၁ဝ ရက်(ဆင်ဟွာ) ဆီးရီးယားနိုင်ငံတောင်ပိုင်းတွင် တပ်စွဲထားသော အီရန်တပ်ဖွဲ့ဝင်များက အစ္စရေးနိုင်ငံအား မေလ ၉ ရက်တွင် ညလုံးပေါက် ဒုံးကျည် အစင်း ၂ဝ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း နှင့် ဒုံးကျည်အချို့ကို အစ္စရေးဒုံးကျည်ကာကွယ်ရေးစနစ်က ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ဆိုသည်။
ကွာလာလမ်ပူ ၊ မေ ၁ဝ ရက် (ဆင်ဟွာ) မလေးရှားနိုင်ငံ အောက်လွှတ်တော် ရွေးကောက်ပွဲတွင် အမတ်နေရာ ၂၂၂ နေရာရှိသည့်အနက် ယခင်ဝန်ကြီးချုပ်မဟာသီယာမိုဟာမက် ဦးဆောင်သော အတိုက်အခံမဟာမိတ်ပါတီ(Pakatan Harapan) က ၁၁၃ နေရာ အနိုင်ရသဖြင့် လွှတ်တော်အမတ်နေရာအများစု အနိုင်ရကြောင်း နှင့် ပြည်ထောင်စုအစိုးရဖွဲ့ရန် လုံလောက်ကြောင်း မလေးရှားရွေးကောက်ပွဲကော်မရှင်က...
ရန်ကုန်၊ မေ ၁၀ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၌ ဗုံးသီးဟောင်းပေါက်ကွဲမှုကြောင့် အမျိုးသား ၁ ဦးသေဆုံးမှုဖြစ်ပွားခဲ့ ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ မေလ ၁၀ ရက် (ဆင်ဟွာ) တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံတော် ကောင်စီဝင် ၊ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး ကျောက်ခဲ့ကျစ် အား မေလ ၉ ရက်နေ့က နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရှိရသည်။