Connect with us

Politics

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော် ကောင်စီဝင် ၊ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး ကျောက်ခဲ့ကျစ်အား လက်ခံတွေ့ဆုံ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံတော် ကောင်စီဝင် ၊ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ၀န်ကြီး ကျောက်ခဲ့ကျစ် တို့ တွေ့ဆုံစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မေလ ၁၀ ရက် (ဆင်ဟွာ)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံတော် ကောင်စီဝင် ၊ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး ကျောက်ခဲ့ကျစ် အား မေလ ၉ ရက်နေ့က နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

ထိုသို့တွေ့ဆုံရာတွင် တရုတ်နိုင်ငံပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး ကျောက်ခဲ့ကျစ်က တရုတ်-မြန်မာဆက်ဆံရေး တည်ငြိမ်ဖွံ့ဖြိုးတိုးတက်လျက်ရှိကြောင်း ၊ (၁၉)ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီညီလာခံနှင့် တရုတ်တစ်ပြည်လုံးဆိုင်ရာ ညီလာခံ နှစ်ရပ် အောင်မြင်စွာ ကျင်းပနိုင်ခြင်းသည် တရုတ်နိုင်ငံ၏ဖွံ့ဖြိုးရေးအတွက် လေးနက်သည့် အဓိပ္ပါယ်ကို ဖော်ဆောင်သလို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီး အတွက် ပူးပေါင်းဆောင်ရွက်မှုနှင့်ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများ သယ်ဆောင်လာပေးခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်သည့် ကြိုးစားဆောင်ရွက်မှုများအား တရုတ်နိုင်ငံက ထောက်ခံကြောင်း ၊မြန်မာနိုင်ငံအစိုးရ၏ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကိုလည်း ထောက်ခံအားပေးကြောင်း ပြောကြားခဲ့ပါ သည်။ ဆက်လက်၍ ၎င်းက နှစ်နိုင်ငံ တရားဥပဒေစိုးမိုးရေးနှင့်လုံခြုံရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများသည် နှစ်နိုင်ငံတည်ငြိမ်ရေးနှင့်လုံခြုံရေးအတွက် အထူးအရေးပါ သောကြောင့် မူးယစ်တားမြစ်တိုက်ဖျက်ရေး၊ နယ်စပ်ဒေသလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးစသည့် တရားဥပဒေစိုးမိုးရေးနှင့်လုံခြုံရေးဆိုင်ရာကိစ္စရပ်များအား ထဲထဲဝင်ဝင်ဆောင်ရွက်သွားလိုကြောင်း၊ ခေတ်သစ်ပိုးလမ်းမကြီးတည်ဆောက်မှု စီမံကိန်း များဆိုင်ရာ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုများကိုလည်း တိုးမြှင့်ဆောင်ရွက်သွားပြီး တရုတ်-မြန်မာ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး စဉ်ဆက်မပြတ် အောင်မြင်မှုသစ်များရရှိအောင် ဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့ပါသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း တရုတ်နိုင်ငံနှင့်အတူ နှစ်နိုင်ငံအစဉ်အလာမပြတ်တည်ရှိနေသည့် ချစ်ကြည်ရေးကို တိုးမြှင့်သွားမည်ဖြစ်ကြောင်း၊ ခေတ်သစ်ပိုးလမ်းမကြီးတည်ဆောက်ရေးဆိုင်ရာ လုံခြုံရေးနှင့်မူးယစ်ဆေးဝါးတားမြစ်တိုက်ဖျက်ရေးစသည့် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ကျယ်ကျယ်ပြန့်ပြန်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါတွေ့ဆုံပွဲကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဟုန်လျန်၊ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး လီဝေ၊ ယူနန်ပြည်နယ် ဒုတိယပြည်နယ်မှူး၊ပြည်သူ့လုံခြုံရေးဌာန ဌာနမှူး ရန်ကျွင့်ဟောက်တို့ ပါဝင် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117