ရန်ကုန် ၊ ဇွန် ၂၉ ရက်(ဆင်ဟွာ) ၅၄ ကြိမ်မြောက် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲတွင် အခြေခံ ဈေးနှုန်း သတ်မှတ်၍ အိတ်ဖွင့် တင်ဒါ စနစ်ဖြင့် ရောင်းချမည် ဖြစ်ကြောင်း မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲ ဗဟိုကော်မတီမှ သိရသည်။
ရန်ကုန်၊ ဇွန် ၂၉ ရက် (ဆင်ဟွာ) လေကြောင်းလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအား သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရမည် ဖြစ်ကြောင်း အမျိုးသားမြို့ပြ လေကြောင်းလုံခြုံရေး ကော်မတီဥက္ကဋ္ဌ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန့်စင်မောင်က ပြောကြားသည်။
ရန်ကုန်၊ ဇွန် ၂၉ ရက် (ဆင်ဟွာ) ရွှေထည်လက်ဝတ် ရတနာရောင်းချခြင်းမှ ကုန်သွယ်ခွန် တစ်ရာ ခိုင်နှုန်းကောက် ခံနေမှုကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အခွန်ဆောင်နိုင်ရန် စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ရန်ကုန်၊ ဇွန် ၂၉ ရက် (ဆင်ဟွာ) ရန်ကုန်မြို့တွင်းခြောက်မြို့နယ်ရှိ မြေအောက်ရေထွက်ပေါက်များနှင့် ဆက်သွယ်ထားသော မြစ်ထွက်ပေါက်များ ပြုပြင်ရာ၌ ဗိုလ်တထောင်မြို့နယ်နှင့် ကျောက်တံတား မြို့နယ်တို့ကို ဦးစားပေး ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ အင်ဂျင်နီယာ ဌာန (လမ်း၊ တံတား)ထံမှ သိရသည်။
ဝါဆော ၊ ဇွန် ၂၉ ရက် (ဆင်ဟွာ) ပိုလန် နိုင်ငံ ဝါဆော မှ ဂျာမနီ နိုင်ငံ ဘာလင် သို့ မောင်းနှင် ခဲ့သည့် ရထားတစ်စင်း သည် ဇွန်လ ၂၈ ရက်နေ့ ညပိုင်းတွင် ဗုံးခွဲတိုက်ခိုက်မည် ဟု ခြိမ်းခြောက် ခံခဲ့ရသဖြင့်...