Connect with us

Asia

မြောက်ကိုရီးယား-အမေရိကန် ထိပ်သီးအစည်းအဝေးအတွက် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဆွေးနွေးရန် တောင်ကိုရီးယားနိုင်ငံ သမ္မတ ဝါရှင်တန်သို့သွားမည်

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (ယာဘက် ဒုတိယမြောက်) နှင့် တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင် (ဝဲဘက်ဒုတိယမြောက်) တို့ အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့၌ ၂၀၁၇ ခုနှစ် ဇွန်လ ၂၉ ရက်တွင် တွေ့ဆုံစဉ် (ဆင်ဟွာ)

ဆိုးလ်၊ မေ ၅ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင်သည် မြောက်ကိုရီးယားနိုင်ငံနှင့် အမေရိကန်နိုင်ငံအကြားပြုလုပ်မည့် ထိပ်သီးအစည်းအဝေး အတွက် သမ္မတ ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံဆွေးနွေးရန် အမေရိကန်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံ အိမ်ပြာတော်က မေလ ၅ ရက်တွင် ပြောကြားလိုက်သည်။

မွန်သည် ထရမ့်၏ ဖိတ်ကြားချက်ဖြင့် မေလ ၂၂ ရက်တွင် အမေရိကန်နိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး မေလအတွင်း သို့မဟုတ် ဇွန်လအစောပိုင်းတွင် ကျင်းပရန်ခန့်မှန်းထားသော ပထမဆုံးအကြိမ် မြောက်ကိုရီးယား-အမေရိကန် ထိပ်သီးအစည်းအဝေးအတွက် ပြင်ဆင်ရန်အတွက် ဖြစ်ကြောင်း သိရသည်။

မွန်နှင့် ထရမ့်အကြား ဆွေးနွေးမှုများသည် လာမည့် မြောက်ကိုရီးယား-အမေရိကန် ထိပ်သီးအစည်းအဝေးအား အောင်မြင်စွာ ကျင်းပနိုင်မည့် နည်းလမ်းများအတွက် ကြိုတင်မှုဖြစ်ကြောင်း အိမ်ပြာတော်က ဆိုသည်။

ထရမ့်နှင့် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်း (Kim Jong Un) အကြား ပြုလုပ်မည့် ထိပ်သီးအစည်းအဝေးသည် ကိုရီးယားနှစ်နိုင်ငံ နယ်စပ်ကျေးရွာ ပန်မွန်ဂျုံတွင် မေလ ဧပြီလ ၂၇ ရက်က ပြုလုပ်ခဲ့သည့် တတိယအကြိမ်မြောက် ကိုရီးယားနှစ်နိုင်ငံ ထိပ်သီးအစည်းအဝေးပြီးနောက် ပေါ်ထွက်လာခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.