ရန်ကုန်၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ) အိန္ဒိယသမ္မတနိုင်ငံတွင် ကျင်းပမည့် မြန်မာနိုင်ငံ၏နောက်ဆုံးမင်းဆက် သီပေါ မင်းနတ်ပြည်စံသက် နှစ် ၁၀၀ ပြည့် အလှူအခမ်းအနား တက်ရောက်ရန်အတွက် ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ယနေ့ အိန္ဒိယသမ္မတနိုင်ငံသို့ထွက်ခွာသွားကြောင်း နိုင်ငံတော် သမ္မတရုံးက သတင်းထုတ်ပြန်ထားသည်။
လူဆာကာ၊ ဒီဇင်ဘာ ၁၅ရက် (ဆင်ဟွာ) ဇမ်ဘီးယားနိုင်ငံ အရှေ့ပိုင်း Katete ခရိုင်တွင် မိုးကြိုးထိမှန်၍ မိသားစုဝင် ၆ဦးသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၁၄ရက်တွင်ပြောကြားခဲ့သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်အတွင်းရှိ အမှတ်(၁) နယ်ခြား စောင့်ရဲတပ်ဖွဲ့ (ကျီးကန်းပြင်)၊ ငါးခူရနယ်မြေရုံး၊ ကိုးတန်ကောက်ရဲကင်းစခန်းတို့အား အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ထုတ်ပြန်ထားသော ညမထွက်ရအမိန့်ကို ထပ်မံပြင်ဆင်ထုတ်ပြန်ထားကြောင်း ရခိုင်ပြည်နယ်အစိုးရထံမှ သိရသည်။
လာဂို့စ်၊ ဒီဇင်ဘာ ၁၅ရက် (ဆင်ဟွာ) နိုင်ဂျီးရီးယားနိုင်ငံ စစ်တပ်က မြေပြင်တပ်ဖွဲ့ဝင်များသည် မတူညီသော ကင်းလှည့်ဆောင်ရွက်မှုများအတွင်း ဆန်ဘီဆာတောအုပ်၌ ဘိုကိုဟာရမ်စစ်သွေးကြွများက ဓားစာခံအဖြစ် ဖမ်းဆီးထားသည့် လူ ၆၀၅ဦးအား ကယ်ဆယ်နိုင်ခဲ့ကြောင်း ဒီဇင်ဘာ ၁၄ရက်ကပြောကြားခဲ့သည်။
နယူးဒေလီ၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ) ယနေ့ (ဒီဇင်ဘာလ ၁၅ ရက်) တွင် အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ရှိ အဆောက်အအုံ တစ်ခု ပြိုကျမှုကြောင့် အနည်းဆုံး လူ ၃ ဦး သေဆုံးခဲ့ပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အဆင့်မြင့် ရဲအရာရှိ တစ်ဦးက...