Connect with us

Europe

တူရကီတွင် အင်အား ၅.၁ အဆင့် ငလျင်လှုပ်ခတ်ရာ လူ ၃၉ ဦး ဒဏ်ရာရရှိ


အန်ကာရာ၊ ဧပြီ ၂၅ ရက်(ဆင်ဟွာ)

တူရကီအရှေ့တောင်ပိုင်း Adiyaman ပြည်နယ်တွင် ဧပြီလ ၂၄ ရက် နံနက်ပိုင်းက အင်အား ၅.၁ အဆင့်ရှိ ငလျင်လှုပ်ပြီးနောက် လူ ၃၉ ဦး ဒဏ်ရာရရှိခဲ့ရာ ၃၅ ဦးမှာ ဆေးကုသမှုခံယူနေပြီဖြစ်ကြောင်းနှင့် ဒဏ်ရာပြင်းထန်မှု မရှိကြောင်း တူရကီ ကျန်းမာရေးဝန်ကြီးက ပြောကြားခဲ့သည်။

ငလျင်လှုပ်ခတ်ချိန်မှာ ဧပြီလ ၂၄ ရက် နံနက် ၃ နာရီ ၃၄ မိနစ်ဖြစ်ပြီး ၎င်းသည်မြေပြင်အောက် အနက် ၇ ကီလိုမီတာ၌ ဗဟိုပြုခဲ့ကြောင်း၊ နောက်ဆက်တွဲငလျင် ၈ ကြိမ်လှုပ်ခတ်ခဲ့ကြောင်း သဘာဝဘေးနှင့် အရေးပေါ်စီမံခန့်ခွဲမှုဌာန၏ စောင့်ကြည့်လေ့လာချက်များအရ သိရှိရသည်။

ငလျင်လှုပ်ခတ်ပြီးနောက် ကယ်ဆယ်ရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်နေစဉ်(ဓာတ်ပုံ- ဆင်ဟွာ )

ငလျင်လှုပ်ခတ်ပြီးနောက် ကယ်ဆယ်ရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်နေစဉ်(ဓာတ်ပုံ- ဆင်ဟွာ )

ငလျင်ဗဟိုပြုလှုပ်ခတ်ခဲ့သည့် Adiyaman ပြည်နယ် Samsat ဒေသတွင် နေအိမ်အချို့ပျက်စီးခဲ့သောကြောင့် ကယ်ဆယ်ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်နေပြီး ကျောင်းများ ခေတ္တပိတ်ထားကြောင်း သိရသည်။

တူရကီ သမ္မတ Erdoğan နှင့် ဝန်ကြီးချုပ် Yıldırım က သက်ဆိုင်ရာအစိုးရဌာနများအား ကူညီကယ်ဆယ်မှုများ ပြုလုပ်ရန် ညွှန်ကြားထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.