ကန်းစု၊ ဧပြီ ၂၇ ရက်(ဆင်ဟွာ) အနောက်မြောက်ပိုင်းကန်းစု ပြည်နယ် တ လင်းရှ တွင် လှပစွာ ထွင်းထု ပုံဖော်ထားသော ရှေးခေတ်အနုပညာ ပန်းပုလက်ရာများကိုတွေ့ရသည်။ ပန်းပုဆရာတို့၏ ကျွမ်းကျင်မှု ဖြင့်လက်ရာမြောက်လှပစွာ ထုလုပ်ထားသော ချီးကျူးဖွယ်ထို ပန်းပုရုပ်များဖြင့် တည်ဆောက်ထားသော ကျောင်းတော်ကြီး ကြောင့်ကန်းစုပြည်နယ်မှာလူသိများလှသည်။(Xinhua)
ရန်ကုန်၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ) သုံးစွဲရန်မသင့်သည့် အလှကုန်ပစ္စည်း နှစ်မျိုး အား ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန မှ အများပြည်သူသိရှိစေရန် အသိပေးကြေညာချက်ထုတ်ပြန်သည်။
မော်စကို ၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ) ရုရှား နိုင်ငံကာကွယ်ရေးဝန်ကြီးSergei Shoigu က မော်စကိုအပြည်ပြည်ဆိုင်ရာလုံခြုံရေးအစည်းအဝေး၌ မိန့်ခွန်းပြောကြားရာတွင် အမေရိကန် နိုင်ငံ မှ ဆီးရီးယား နိုင်ငံShayratလေတပ် စခန်းအား တိုက်ခိုက်ခဲ့သည့် လုပ်ရပ်မှာ နိုင်ငံတကာဥပဒေကိုပေါ်ပေါ်ထင်ထင် ချိုးဖောက် ခဲ့ခြင်း ဖြစ်ကြောင်းပြောကြားလိုက်သည်။
တီဟီရန်၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ) အီရန်နိုင်ငံ အရှေ့တောင်ပိုင်း နယ်စပ်ဒေသတွင် ဧပြီ ၂၆ ရက် က အီရန်လုံခြုံရေးတပ်ဖွဲ့ဝင်များ နှင့် လက်နက်ကိုင်အုပ်စုများ တိုက်ပွဲများဖြစ်ပွားခဲ့ရာ သေဆုံးသူ ၉ဦးရှိလာကြောင်း Mehr သတင်းဋ္ဌာန ကဖော်ပြခဲ့သည်။
ရန်ကုန် ၊ ဧပြီ ၂၇ ရက်(ဆင်ဟွာ) ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ အောင်မြင်ရေး အတွက် ဗဟိုကော်မတီနှင့် လုပ်ငန်း ကော်မတီ များက ကြိုးပမ်း ဆောင်ရွက်ကြ စေလိုကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ကျင်းပရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ပြောကြားခဲ့သည်။